Tough Love

49 8 0
                                    

DANNY Fashion Brand ကတော့ Korea ကလူတွေတင်မကပဲ ကမ္ဘာပါကျော်တဲ့ Brand တစ်ခုပါ။ အထူးသဖြင့်မိန်းကလေးတွေကြားအရမ်းနာမည်ကြီးတယ်။ အဲ့ဒီ Brand ကိုပြုလုပ်ခဲ့တဲ့ CEO ပေါက်စ Choi Hyunsuk ကလည်း ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့။ ဆံပင်အတိုကိုမှ အရောင်နုနုဆိုထား၍ နှုတ်ခမ်းတွင် Piercing နဲ့ Suit အပြည့်ပေါ်မှာ accessories များစွာထပ်၀တ်တတ်၍ Style အရမ်းကျသည်။ ရုပ်ရည်ကတော့ပြောစရာကိုမလိုပါ။ သူနဲ့အပြိုင် လက်ရှိအလုပ်တူတူတွဲလုပ်နေတဲ့ JH ကုမ္ပဏီကသား Park Jihoon ကလည်းအလွန်ကိုမှချောလှသည်။ သူတို့နှစ်ယောက်ကိုတော့ " Enemies to Lovers " လို့ခေါ်ကြသည်။ ဘာလို့လဲဆိုတော့ အရင်ကဆိုပြိုင်ဘက် ကုမ္ပဏီနှစ်ခုဆိုပေမဲ့ အဲ့လိုပြိုင်ကြရာကနေ ကောင်လေးနှစ်ယောက်ချစ်မိပြီး အခုဆိုအလုပ်တွဲလုပ်ကြတာထိုအကြောင်းကြောင့်ပဲ။ နှစ်ယောက်သားစေ့စပ်ထားတာကြာလှပါပြီ လက်ထပ်ဖို့အချိန်ကိုသာသေချာစဉ်းစားနေတုန်း။ လူအများသိပ်ကိုအားကျရတဲ့အတွဲပါ။ ဒါပေမဲ့ ထိုဆက်ဆံရေးလေးဟာတဖြေးဖြေးအေးစက်လာသည်။ Jihoon ကအစပိုင်းမှာ Hyunsuk ကိုသဲသဲလှုပ်ချစ်သလောက် နောက်ပိုင်းသူ့အလုပ်နဲ့သူရှုပ်နေတာနဲ့အေးစက်လာသည်။ Hyunsuk ကတော့အရင်ကလိုနွေးထွေးပြီးချစ်ပေးပေမဲ့ အမြဲအလုပ်ကြောင့်နဲ့အဝေးရောက်နေသဖြင့် နွေးထွေးတဲ့ဆက်ဆံရေးလေးပြန်တည်ဆောက်ဖို့ခက်ခဲလှသည်။ အခုလည်း နောက်တနေ့ ခရီးထပ်သွားရမှာမို့ ချစ်ရသူနှင့်အတူထမင်းစားချင်ခဲ့မိသည်။ Suit အနက်ကို၀တ်ဆင်ကာ အလုပ်သွားဖို့ ပြင်နေသော Jihoon ။

" မောင်...အလုပ်သွားတော့မှာလား ။ Breakfast စားသွားလေ"

" တော်ပြီ အပြင်မှာစားမှာ"

အရင်ကဆို Hyunsuk ချက်ကျွေးတာကိုမစားရရင် မစားရမချင်းချက်ကျွေးခိုင်းတဲ့လူက အပြင်မှာတောင်စားတတ်နေပြီ။ Hyunsuk အတွေးလွန်ကာ အားလူးလှီးနေရာကနေ သူ့လက်သူပြန်ထိမိသွားသည်

" အာ့..."

" ဘာဖြစ်တာလဲ"

အပေါက်၀ကနေ ဖိနပ်စီးရင်းလှမ်းမေးသည်

" ဓားထိမိတာ"

" အော်အင်း ဆေးထည့်နော်"

ဆေးထည့်နော်တဲ့။ အနာဖြစ်တိုင်းဆေးဗူးလေးယူလာတတ်ပြီးကိုယ်တိုင်ဆေးထည့်ပေးတဲ့ Jihoon ဘယ်များရောက်သွားသလဲ။ အတွေးတွေလွန်ကာမျက်ရည်များဟာဝဲမိပြန်။ ဒါအချစ်ကပေးတဲ့နာကျင်မှုတွေလား...။

One Shot Collections✿Where stories live. Discover now