Memories⋆.

79 7 0
                                    

Asahi တို့စာလုပ်နေရာကနေခေါင်းလေးမော့ကာ အပြင်ဘက်က ပြတင်းပေါက်ကိုခနငေးကြည့်နေမိတယ် ။ အပြင်မှာ မိုးတွေဟာသည်းထန်အောင်ရွာနေပီး အပင်တွေဟာလည်းအရမ်းကိုမှ လှုပ်ခါနေတယ် ။ မျက်မှန်လေးကိုခနချွတ်လိုက်ကာ စာအုပ်တွေကိုပိတ်ပီး ရေချိုးခန်းထဲ၀င်သွားတယ် ။

>>>>>>

*Message notification*

စိုရွဲနေတဲ့ဆံပင်တွေကိုသုတ်ရင်း မက်ဆေ့၀င်လာတဲ့ဖုန်းကိုကောက်ကိုင်ပီးကြည့်လိုက်တယ်

" Yoshi-Kun : ဒီနေငါအိမ်ပြန်နောက်ကျ
လိမ့်မယ်နော်,မုန့်၀ယ်စားလိုက်ပါ "

"ဟုတ်ကဲ့,Hyung"
ဆိုပြီးပြန်စာလေးပို့ကာ Delivery မှာစားဖို့ delivery app ထဲ၀င်ကြည့်လိုက်တော့ဆိုင်တွေအားလုံးဟာပိတ်နေခဲ့တယ်
မပိတ်ပဲနေမလား
အချိန်ကိုပဲကြည့်
ည ၁၀ နာရီကထိုးနေပီ

"ဟူး..."
ဆိုပီးသက်ပြင်းသာတစ်ချက်ချလိုက်မိတယ်

"မုန့်ထွက်၀ယ်မှဖြစ်မှာပါလေ..."

ဆိုပီးဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲထည့်ကာ ယူစရာရှိတာတွေယူပြီး Convenience store လေးဆီသို့~~

^^^^^^^^^
ထီးလေးတစ်ချောင်းဆောင်းကာ အိမ်ပြန်လာခဲ့တယ်
လက်ထဲမှာလဲမုန့်ထုတ်လေးနဲ့

အပြင်ထွက်ရတာမကြိုက်ပါဘူးဆို မိုးကပါရွာနေတော့အိမ်သာမြန်မြန်ရောက်ချင်နေပီ
ပတ်၀န်းကျင်မှာလဲ မိုးကရွာရွာနဲ့ဆိုတော့ ဘယ်သူမှမရှိ
ဒါပေမဲ့ လမ်းဘေးက ဘယ်သူမှမ၀င်တဲ့လမ်းကြားတစ်ခုကနေ အမဲရောင်၀တ်စုံတွေနဲ့လူတွေ ၃ ၄ ယောက်လောက်ထွက်လာတာတော့ သူအဝေးကလှမ်းမြင်လိုက်တယ်
အစထဲက မကြောက်တတ်သူမလို့ထင်တယ် ,ခနကြောင်ကြည့်နေမိပြီးသူ့လမ်းသူဆက်လျှောက်လာတယ်
ဒါပေမဲ့ ထိုလမ်းကိုဖြတ်သွားနေတဲ့အချိန်မှာ သူ့မျက်လုံးဟာအလိုလိုပဲ ထိုလမ်းထဲကိုရောက်သွားမိတယ်

"ဟင်?"

လူတစ်ယောက်
မတ်တပ်ရပ်နေတာတော့မဟုတ်
မှောက်ရက်လဲနေတဲ့ပုံ
မိုးရေတွေအောက်မှာစိုရွဲလို့

Asahi တို့အခက်တွေ့ပါပြီ
ရဲခေါ်ရမလား သူပဲသွားကြည့်ရမလားနဲ့ပေါ့
သူသိလိုက်ရတာကတော့ ခုနကလူတွေထိုးနှပ်သွားတာဖြစ်နိုင်တယ်ဆိုတာကိုပါ

One Shot Collections✿Where stories live. Discover now