" အဲနားမှာရပ်နေနော် လုံးဝမရွေ့နဲ့
ငါကလာဆိုမှလာခဲ့ မင်းခန့်တည်ကြည် "စနေ တနဂ်နွေ ကျောင်းပိတ်ရက်တိုင်း
ဝေယံဘုန်းထက်ရဲ့ဒီအသံတွေကိုကြားရတာ
တကယ်စိတ်ပျက်သည် ။ ဖေဖေတို့မေမေတို့က
အလိုလိုက်ထားတော့ဆူလည်းမရပြောလည်းမရ ။
ဒီအရွယ်လေးကတည်းကဆိုဆုံးမ, မထားရင်
အရွယ်ရောက်လာရင်ဘယ်လိုမှပြောလို့ရမှာ
မဟုတ်တော့ဘူးဆိုတာဖေဖေတို့လည်းသိသည် ။
သိသိရက်နဲ့သူတို့သားအလိုကို အရမ်းလိုက်လွန်းသည် ။ ပြောလိုက်ရင်လည်း " မောင်လေးက
ခိုးနေလုနေရိုင်းစိုင်းနေတာမှမဟုတ်တာသမီးရယ် "
ဆိုပြီးဖေဖေရောမေမေရောကပြန်ပြန်ပြောသည် ။
ဘယ်လိုပဲပြောပြော ၈ နှစ်အရွယ်ဆိုတာက
အကြီးကိုတော့အကြီးမှန်းသိနေပြီ ။ ဒါကို
မင်းခန့်တည်ကြည်ကသူ့ထက်ကြီးတာမှန်း
သူသိသိနဲ့တမင်အနိုင်ကျင့်ပြန်သည် ။" မင်းကိုမရွေ့လာနဲ့လို့ပြောနေတယ်လေ "
ကြားနေရတာမဟုတ်တော့သည်မို့
ထိုင်နေရာမှထကာ ဝေယံတို့အနားကို
သွားလိုက်သည် ။ ဆိုဖာပေါ်မှာကျကျနနထိုင်ပြီး
ကာတွန်းကားဇိမ်နဲ့ကြည့်နေတာကဝေယံဘုန်းထက် ။
သူနဲ့ခြေအလှမ်းအကွာမှာကျောက်ရုပ်လို
ငြိမ်ငြိမ်ရပ်နေတာကမင်းခန့်တည်ကြည် ။
ဟိုကမလာနဲ့လုံးဝမရွေ့နဲ့ဆိုတဲ့အတိုင်း
မျက်နှာငယ်လေးနဲ့ဝေယံ့ကိုလှမ်းကြည့်၍သာ
နေတော့သည် ။" အတူတူဆော့နေတာမဟုတ်ဘူးလား
ဝေယံဘုန်းထက် ဟမ် အခုကြည့်တော့လဲ
အတူတူထိုင်ကြည့်ကြလေ
မင်းခန့်ကိုဘာလို့အဲနားမှာရပ်ခိုင်းနေတာလဲ
နင်အဲလိုအနိုင်မကျင့်နဲ့လို့ ငါဘယ်နှစ်ခါပြောရမှာလဲ
ဒီလိုလုပ်နေရင် နောက်ဘယ်တော့မှအတူတူမဆော့နဲ့ မင်းခန့် ပြန်တော့သွား "" ..... "
" မပြန်နဲ့ "
" ဒါဆိုအတူတူကြည့်လေ ဘာလို့ရပ်ခိုင်းနေတာလဲ
ပြီးတော့ နင်ဘယ်လိုခေါ်နေတာလဲဝေယံဘုန်းထက်
ငါတောင် မင်းခန့်လို့ပဲခေါ်တာ
နင်ကဘာကိစ္စ နာမည်အပြည့်ခေါ်နေတာလဲ
နင့်ထက်ငယ်တယ်များမှတ်နေလား
ပြန်ပြင်ခေါ် မဟုတ်ရင်ငါနဲ့တွေ့မယ် "
YOU ARE READING
ပြယ်လွင့်လေသောမိုးသားတိမ်လွှာ
Romanceကောင်လေးနှစ်ယောက်အကြောင်းက ဒီလိုစတယ်..... ကောင်လေးနှစ်ယောက်အကြောင်းက ဒီလိုစတယ်.....