2

423 75 21
                                    


" မမဦး သွားပါ
သူငယ်ချင်းတွေစောင့်နေတယ်မလား "

ဝေယံဘုန်းထက်ကျွန်တော့်အခန်းထဲ
လာမှာစိုးလို့ ကစားဆင်းချိန်ရောက်ရင်
မမဦးကလာလာကြည့်တတ်သည် ။ တစ်ရက်မဟုတ်
နှစ်ရက်မဟုတ်တော့ မမဦးကိုအဲလိုလာလာ
မစောင့်စေချင်တော့ဘူး ။ သူ့အတွက်လည်း
သူငယ်ချင်းတွေနဲ့မုန့်ဝယ်စားချိန် နားချိန်ဆိုတာ
ရှိသေးတာကိုကျွန်တော်သိသည် ။

" သွားပါ မမဦး
ညီလေးကမလာတတ်ပါဘူး
သူ့သူငယ်ချင်းတွေနဲ့ဆော့နေပြီ ကျောင်းမှာကျ
သားကိုသူမေ့နေတာ "

" ဟုတ်ပြီ ဒါဆို မမသွားဦးမယ်
ဝေယံလာပြီးတစ်ခုခုလုပ်ရင် မမဆီပြေးလာနော်
မမ အခန်းမှတ်မိတယ်မလား "

" ဟုတ် "

ကျွန်တော့်ကိုထပ်ထပ်ခါခါမှာခဲ့ပြီးမှ မမဦးထွက်သွားသည် ။ တကယ်လည်း ကျောင်းမှာကျဝေယံနဲ့
သိပ်မတွေ့ဖြစ်ပေ ။ ဝေယံက ၃ တန်း
ကျွန်တော်က ၄ တန်း မမဦးက ၈ တန်း ။ အတန်းတွေလည်းမတူ ကျောင်းဆောင်တွေလည်းတစ်ခုနဲ့တစ်ခု
အနည်းငယ်တော့ဝေးသည်မို့ ကျောင်းဖွင့်ချိန်တွေဆို
မမဦးတို့နဲ့သိပ်မတွေ့ဖြစ်ပေ ။ မနက်ပိုင်း မေမေအလုပ်သွားရင်းကျောင်းပို့ခဲ့ပြီး ညနေပိုင်းမှသာ
မမဦးတို့နဲ့အတူတူပြန်ရသည် ။ နေ့လည်ပိုင်းလည်း
မေမေထုပ်ပေးလိုက်သောထမင်းချိုင့်ပါသည်မို့
ကိုယ့်ဟာကိုယ်ပဲသူငယ်ချင်းတွေနဲ့သာစားသည် ။
စနေ တနဂ်နွေ ကျောင်းပိတ်ရက်မှသာ
မမဦးတို့အိမ်တွင်တစ်နေကုန်နီးပါးရှိနေတတ်သည် ။
ဖေဖေနဲ့မေမေ အလုပ်ပိတ်ရက်ကအရမ်းရှားလွန်းတော့ ကျွန်တော့်ကိုအချိန်အများ​ကြီးမပေးနိုင်ဘူး ။ ရရင်ရသလိုကျွန်တော့်အတွက်အချိန်ပေးတတ်ပြီး ကျွန်တော့်ကိုကျွေးမွေးပြုစုပေးနေတာနဲ့တင်
ကျွန်တော်ကအများကြီးအဆင်ပြေနေပါပြီ ။
ဝေယံ့ရဲ့ဖေဖေနဲ့မေမေဖြစ်တဲ့ ဦးလေးနဲ့ဒေါ်လေး
ကိုလည်းကျွန်တော့်အပေါ်အများကြီးကောင်းပေးလို့
ကျေးဇူးအများကြီးတင်ရသည် ။ တစ်ခါတစ်လေ
ဆိုးတတ်တဲ့ညီလေးကိုဆူပေးပြီး ကျွန်တော့်ပေါ်
ညှာပေးတဲ့မမဦးကိုလည်းကျေးဇူးတင်ရသည် ။

ပြယ်လွင့်လေသောမိုးသားတိမ်လွှာWhere stories live. Discover now