" ကျွန်မပြောတဲ့စကား ရှင်စဥ်းစားပြီးပြီလား "
" သားရော ဘယ်မှာလဲ "
" အိပ်နေပြီ ညနေကမိုးတွေမိခဲ့တော့
နှာတွေစေးလာတာနဲ့ ဆေးသောက်ပြီးအိပ်နေပြီ
ပြောလို့ရတယ် "" ကိုယ်တို့မှမပြောရင် ဒီအမှန်တရားကို
သားဘယ်တော့မှသိမှာမဟုတ်ဘူး "" အရွယ်ရောက်လာတဲ့အခါ မတော်လို့သိသွားမှ
သားစိတ်ဒဏ်ရာ ရသွားမှာစိုးရိမ်တယ် "" အရွယ်ရောက်လာမှသိသွားတာထက်
ခုကတည်းကသိသွားတာက စိတ်ဒဏ်ရာပိုရနိုင်တာကိုမင်းမတွေးမိဘူးလား "" ..... "
" ကိုယ်ကတော့ မပြောစေချင်ဘူး "
ခင်ပွန်းဖြစ်သူနှင့်ကျွန်မသဘောထားက
ဆန့်ကျင်ဘက်ဆီ ။ အခုအကြောင်းပြောနေတဲ့
အတိတ်တွေဆီပြန်သွားရရင် ကျွန်မတို့နှစ်ယောက်က
သားလေးဖြစ်ဖြစ်သမီးလေးဖြစ်ဖြစ်
သိပ်ကိုလိုချင်ခဲ့တာပေမယ့် ကလေးမရနိုင်တာ
သိတဲ့အခါမျှော်လင့်ချက်ပျက်ခဲ့ရသည် ။ နောက်ဆုံး
နှစ်ဦးသဘောတူကလေးလေးတစ်ယောက်မွေးစား
ခဲ့ကြသည် ။ ကိုယ်တိုင်ကမမွေးရုံတမယ်
လသားအရွယ်လေးတည်းက နို့ချိုတိုက်ကျွေးတာကနေစပြီး ကိုယ်တိုင်မွေးထားသလိုပြုစုယုယခဲ့တဲ့
သားလေးမင်းခန့်တည်ကြည်ဟာ အခုတဖြည်းဖြည်း
အရွယ်ရောက်လာတော့မည် ။ ကျွန်မတို့
နှစ်ယောက်လုံးက ဒီသားလေးကိုမွေးစားထားတာလို့
အသိတွေတောင်မရှိတော့ပဲ ကိုယ့်သွေးသားရင်းလို
တကယ်ချစ်မြတ်နိုးရပါသည် ။ သို့ပေမယ့်
ကျွန်မပူပန်စိုးရိမ်မှုတစ်ခုကရှိလာခဲ့သည် ။ မွေးစားထားတာဆိုတာကိုသားသိသွားရင်ဆိုတဲ့
ပူပန်မှု ။သားအရင်းမဟုတ်ကြောင်းကို အချိန်တွေအတော်လွန်မှတစ်ခြားသူတွေဆီကသိတာထက် သူနားလည်လောက်ပြီဖြစ်တဲ့ဒီအရွယ်ကတည်းက ကျွန်မတို့
ကိုယ်တိုင်ပြောလို့ သိပြီးသား မွေးစားထားလည်း
ဘာဖြစ်လဲ ငါ့ဖေဖေတို့ကငါ့ကိုအရမ်းချစ်တာဆိုတဲ့အဖြစ်ကိုကျွန်မကလိုချင်သည် ။ ဒါပေမယ့် ခင်ပွန်းဖြစ်သူက ကျွန်မတို့ကမှမပြောရင်သားသိစရာ
အကြောင်းမရှိလို့ဒါကိုပြောစရာမလိုဘူးဆိုတဲ့
သဘောထားရှိသည် ။ ကျွန်မတို့ကပြောစရာ
အကြောင်းကမရှိပါဘူး ညီမဖြစ်သူမိသားစုကလည်း
ဒီအကြောင်းမပြောဘူးဆိုတာယုံကြည်ပါသည် ။
ဒါပေမယ့်လည်း မတော်တဆဆိုတာဘယ်သူကမှ
ပြောမရဘူးလေ ။
YOU ARE READING
ပြယ်လွင့်လေသောမိုးသားတိမ်လွှာ