4

487 68 24
                                    


" ဝေယံ မင်းစာမေးပွဲကျပြန်ပြီ
လပတ်စာမေးပွဲတိုင်း ကျအောင်လုပ်နေတော့မှာလား ဒီကျတဲ့စာရွက်မှာ ငါဘယ်အချိန်ထိ
လက်မှတ်ထိုးနေရမှာလဲ "

" ...... "

" မပြောချင်လို့အသာကြည့်နေတာကို
အကောင်းမှတ်နေတာလား
ပညာရေးနဲ့ပက်သတ်ပြီး ငါကအလျော့ပေးမယ်
မထင်နဲ့ "

" နောက်တစ်လအောင်,အောင် လုပ်ပေးမယ်
မေမေရာ "

" အောင်ရုံပဲလား မင်းဘယ်လိုတွေဖြစ်နေတာလဲ
မင်းအကို,ကိုအတုယူစမ်းပါ ဘယ်နေရာကြည့်ကြည့်
မင်းအကိုခြေဖျားတောင် မင်းမမှီဘူး "

" ..... "

" သိတတ်တဲ့စိတ်လည်းမရှိဘူး
မင်းခန့်လောက်သိတတ်လိမ်မာစမ်းပါ "

" မေမေ တော်ပါတော့
ဝေယံ သွား အဝတ်လဲတော့
ကျောင်းသွားရတော့မယ် "

မကျေနပ်မှုတွေပြည့်နေတဲ့မောင်လေးရဲ့မျက်နှာက
မေမေဆူနေလို့မဟုတ်ဘူးဆိုတာကျွန်မအသိဆုံးပင်။
သူ့ကိုမင်းခန့်နဲ့နှိုင်းပြောနေတာကို ဝေယံကမကျေနပ်သွားတာ ။

" မေမေကလည်း ဆူရင်ဒီတိုင်းပဲဆူပါ
ဘာလို့တစ်ယောက်နဲ့တစ်ယောက်ကို
ယှဥ်ပြောနေတာလဲ "

" အဲဒါမှနာတတ်မှာလေ
ခရီးကပြန်ရောက်တာအမောကမပြေဘူး တစ်ဘာသာလောက်ဆိုကြားကောင်းသေးတယ်
ခုကဘာသာစုံကျရတာနဲ့  "

" နောက်ခါဆို မင်းခန့်နဲ့မှမဟုတ်ဘူး
ဘယ်သူနဲ့မှယှဥ်ပြီးမဆူပါနဲ့ မေမေရယ်
ယှဥ်ခံရတဲ့သူနှစ်ယောက်လုံးအတွက်က
တစ်ယောက်နဲ့တစ်ယောက်မုန်းလာဖို့ပဲရှိတာ "

" .... "

" မယှဥ်ပဲ မေမေဆူချင်သလောက်ဆူ
ရိုက်ချင်သလောင်ရိုက် ဝေယံ့အတွက်
အဆင်ပြေတယ် "

" ကဲပါ ဟုတ်ပါပြီရှင်
သွား သွားတော့ သမီးကျောင်းရော
နောက်ကျနေတော့မယ် "

သမီးမှာသူတို့နှစ်ယောက်ပြန်ရင်းနှီးအောင်
မနည်းကြိုးစားနေရတာ မေမေကတော့
စကားလေးတစ်ခွန်းနဲ့ပိုဝေးသွားအောင်
လုပ်လိုက်သလိုပဲ ။ အမတစ်ယောက်အနေနဲ့
မောင်လေးနှစ်ယောက်အခုလိုတွေဖြစ်နေတာ
တာဝန်အပြည့်ရှိ​နေသည်။ အရင်ကလိုချစ်ချစ်ခင်ခင်
လေးပြန်ဖြစ်သွားဖို့ကအခုအလိုချင်ဆုံးဆန္ဒ
ဖြစ်နေတော့သည် ။ လွယ်မယ်တော့မထင်ဘူး
ခုတောင် တစ်ယောက်ကကားနားရပ်နေပြီး
တစ်ယောက်ကဧည့်ခန်းထိုင်နေတာ ။ ခါတိုင်း
တက္ကသိုလ်သွားရင်းဝေယံကိုပဲကျောင်းဝင်ပို့
နေကျပေမယ့် မေမေတို့ခရီးသွားနေတုန်း
မင်းခန့်ကလာကူအိပ်ပေးတော့ ဒီနေ့မောင်လေး
နှစ်ယောက်ကျောင်းပို့ရမည့်တာဝန်ပေ ။

You've reached the end of published parts.

⏰ Last updated: Jun 15 ⏰

Add this story to your Library to get notified about new parts!

ပြယ်လွင့်လေသောမိုးသားတိမ်လွှာWhere stories live. Discover now