Unicode
အရင်ကသာဆိုရင် လော့ချယ်အတွက် အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ စားသောက်ဆိုင်တစ်ခုကို လာဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူး။ အဲ့လိုနေရာတစ်ခုကို လက်တလောနာမည်ကြီးနေတဲ့ မင်းသမီးတစ်ယောက်နဲ့အတူ ပေါ်လာတယ်ဆိုတာ ပိုပြီးမဖြစ်နိုင်ဘူး။
လော့ကျစ်ယွီက အစကတော့ သူကြိုက်တဲ့ကောင်မလေးတစ်ယောက်ရှိလာပြီဆိုပြီး ပျော်နေခဲ့တာ။ သူ့ဝမ်းကွဲက သိတဲ့အတိုင်း ခံစားချက်သိပ်ရှိတဲ့သူမဟုတ်ဘူးလေ။ လော့ချယ်က ငယ်ငယ်လေးကတည်းက သူများနဲ့တူတဲ့ ကလေးတစ်ယောက်မဟုတ်ဘူး။ လင်ချန်အန်းဆီက နေ သစ္စာဖောက်ခံရပြီးကတည်းက သူ့ပုံစံက ပိုသီးခြားဆန်လာပြီး လူတွေကို လွယ်လွယ်နဲ့မယုံတော့တဲ့အပြင် သူငယ်ချင်းလည်းမထားတော့ဘူး။
အခုလောကထဲမှာ လော့ချယ်အတွက် သူငယ်ချင်း အစစ်အမှန်တစ်ယောက်မှ မရှိဘူးလို့ပြောလို့ရတယ်။
ဒါကြောင့်သူက ကုမျန်ကို တကယ်အလေးထားတာပဲ။
ကုမျန်ရဲ့တည်ရှိမှုက လော့ချယ်ရဲ့ နှလုံးသားအပေါ်ယံက ရေခဲလွှာကိုဖျက်ဆီးပြီး သူ့နှလုံးသားကို နွေးထွေးလာစေခဲ့တယ်။
ကုမျန်က တကယ်ကိုကြင်နာတတ်ပြီး နူးညံ့တဲ့ စိတ်ထားဖြူစင်တဲ့ မိန်းကလေးတစ်ယောက်ပဲ။
ဒါပေမယ့် အခုကတော့ ပျော်တာအပြင်ကို လော့ကျစ်ယွီစိတ်ပူနေမိတယ်။
ကုမျန်က လော့ချယ်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် သိသိသာသာသက်ရောက်နေတယ်။
လော့ချယ်က အခုမှ နှစ်ဆယ့်နှစ်နှစ်ပဲရှိသေးတာ။ အဲ့ဒါက အနုပညာအသိုင်းအဝိုင်းအတွက် အတော်ငယ်သေးတယ်လို့ပြောလို့ရတယ်။
လော့ကျစ်ယွီရဲ့ မူလခန့်မှန်းချက်အတိုင်းဆို လော့ချယ်ကနောက်ထပ် ဆယ်စုနှစ်တစ်ခုလောက်ထိ ဆက်ကျော်ကြားနိုင်သေးတယ်။
ဆယ်နှစ်ဆိုတာကပဲ အလွန်ဆုံးခန့်မှန်းချက်ဖြစ်နေပြီ။
လာမယ့်ဆယ်နှစ်အတွင်း အနုပညာလောကမှာ လော့ချယ်ရဲ့နေရာကို ကိုင်လှုပ်နိုင်မယ့်သူ တစ်ယောက်မှရှိမှာမဟုတ်ဘူး။ သူ့အနာဂတ်က တောက်ပလာဖို့ပဲရှိတယ်။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)