အပိုင်း (7)

188 11 3
                                    

တိုင်ကပ်နာရီ၏ရိုက်ခတ်သံအကြား တိမ်ညိုနိုးလာခဲ့၏။ အချိန်သည်ကား ၉နာရီခန့်ရှိလိမ့်မည်။ အဖျားကျနေသည့်အနေအထား​နှင့် ဆာလောင်မှုကြောင့် မီးဖိုချောင်ဘက်သို့ထွက်လာခဲ့၏။

မီးဖိုချောင်တွင်းမှ လှုပ်ရှားသံများကြောင့် နွေ ဖြစ်မှန်းသိ၍ ခေါ်မည်လုပ်သော်လည်း အနောက်ဘက်မှ နွေ့ပုံရိပ်တို့​ကြောင့် တိမ်ညို့စကားသံသည် လည်ချောင်းတွင်းမှထွက်မလာခဲ့ပါ။
Apronအား ၀တ်ဆင်လျက် ဆံနွယ်အချို့အားထုံးနှောင်ထားသော နွေ့ပုံရိပ်သည် ဆွဲဆောင်မှူအပြည့်ရှိလို့နေသည်။ ထိုပုံရိပ်အား တိမ်ညိုငေးကြည့်နေသည်မှာ အချိန်မည်မျှကြာသွားမှန်း မမှန်းတတ်ပါ။
နွေ့ဘက်မှ ဆန်ပြုတ်ပန်းကန်အားကိုင်လျက် ထွက်လာတော့မှ....။

"နိုးလာတာလားအစ်မ..နွေအခုပဲ အစ်မကိုလာနှိုးတော့မလို့ လာထိုင် ဆန်ပြုတ်သောက်ပြီးရင် နွေဆေးတိုက်မယ်နော်"

ဆန်ပြုတ်ပန်းကန်အား ထမင်းစား စားပွဲတွင်ချလျက်
ထိုင်ခုံအားထုတ်ကာ ထိုင်စေသည်။
ထို့နောက် နွေသည်လည်းအစ်မဘေးရှိထိုင်ခုံအား ဆွဲလျက် ထိုင်လိုက်၏။

"အဖျားကကျပြီလား"

တိမ်ညို့နှဖူးသို့ လက်တင်ကာ အဖျားစမ်းနေသည့်နွေ့ကြောင့် ခန္ဓာကိုယ်လေးမှ ဖြတ်ခနဲ့တုန်တက်သွား၏။

"အဖျားကရှိသေးပေမယ့် ခနကလောက်တော့မဆိုးတော့ပါဘူး ဆန်ပြုတ်စားပြီးရင်ဆေးတိုက်မယ်နော် ဒါကအစ်မဆန်ပြုတ်ချည်းပဲမစားနိုင်မှာစိုးလို့ နွေ ကြက်သားနဲ့ကြက်ရိုးကိုစွပ်ပြုတ်လိုလုပ်ထားပေးတယ်ကြက်သားကတော့ တော်တော်လေးနူးအောင်ပြုတ်ထားလို့ ​စားလို့ရလာက်တယ် စားကြည့် ဟ..."

"ဟင်......"

ကြွေဇွန်းဖြင့်ခပ်ယူထားသည့်ဆန်ပြုတ်အား အေးသွားစေရန် မှုတ်ပေးလျက် အစ်မ၏နှုတ်ခမ်းတွင်တေ့ပေးလိုက်တော့ အနည်းငယ် ကြောင်သွားဟန်ရသည်။

"အော် ဟိုဟာ ကြွေဇွန်းဆိုတော့ လေးမှာစိုးလို့လေ အဲ့တာကြောင့်...နွေခွံ့ကျွေးမယ်လေ"

"အွန်...အာ...."

ကလေးငယ်သဖွယ် ပါးစပ်ကလေးဟကာ ဆန်ပြုတ်တောင်းနေသည့်အစ်မသည် သိပ်ကို ချစ်စဖွယ်ကောင်းလှသည်။

မြတိမ်ညိုWhere stories live. Discover now