အပိုင်း (9)

319 17 2
                                    

မိုးအတော်ပင်ချုပ်နေပြီဖြစ်သောကြောင့် မာန့်အားဟိုတယ်သို့ ပြန်ပို့လျက် အပြန်လမ်းတွင် အစ်မကြိုက်တတ်သည့် ​ရှမ်းခေါက်ဆွဲအား ရှာ၀ယ်လျက်
အိမ်သို့ပြန်လာခဲ့၏။

"တို့မင်းနဲ့ကိစ္စကို ပြန်စဥ်းစားချင်သေးတယ်"

"ဘာကြောင့်လဲညို အဲ့ဒီ နွေခက်သွယ်ဆိုတဲ့မိန်းမကြောင့်လား ဘာလဲ မောင်က တိမ်ညို့ကိုပိုင်ဆိုင်ဖို့ အဲ့ဒီမိန်းကလေးတစ်ယောက်နဲ့ပြိုင်ရမှာလား ယောင်္ကျားလေးတစ်ယောက်နဲ့ဆိုရင်တောင် ကြားကောင်းပါသေးတယ် ညိုရာ"

"တို့မင်းကို ဒီလိုပြောရတယ်ဆိုတာနွေနဲ့ဘာမှမဆိုင်ဘူး ကောင်းမြတ်သာ နောက်တစ်ခုက တို့မင်းနဲ့စမတွဲခင်ကတည်းက တစ်ယောက်နဲ့တစ်ယောက် လေ့လာပြီးမှ ရွေးချယ်သင့်မသင့် ဆုံးဖြတ်မယ်လို့ပြောခဲ့ပြီးသားထင်တယ်"

"ဒါပေမယ့်....."

"ဒီ့လိုဆို တို့ပြောခဲ့သလိုပဲပြန်စဥ်းစားဦးမယ် ဒီနေ့တော့ဒီလောက်ပဲ"

အစ်မ၏ဖုန်းကျသံအဆုံး၌ သက်ပြင်းငယ်လေးအားတိတ်တိတ်ကလေးချကာ တံခါး၏အနောက်ဘက်မှ ထွက်လာခဲ့၏။
ဧည်ခန်းထဲရှိတိမ်ညိုသည်လည်း နွေ့အားမြင်၍ လန့်သွားသော်လည်း အလျင်အမြန် ပြန်ပြင်လိုက်၏။

"နွေတောင် ပြန်ရောက်လာပြီပဲ သူငယ်ချင်းကို သေချာပြန်ပို့ခဲ့ရဲ့လား"

"ပို့ခဲ့တာပေါ့အစ်မရဲ့ ဒီမှာ နွေ ရှမ်းခေါက်ဆွဲ၀ယ်လာတယ် ခံတွင်းပျက်နေတာဆိုတော့ နွေ့လက်ရာနဲ့အရသာမတည့်မှာစိုးလို့လေ"

"အစ်မကဘာဖြစ်ဖြစ်အဆင်ပြေပါတယ်နွေရယ် ပြီးတော့ နေလည်းကောင်းနေပါပြီ"

"ဟုတ်ပါပြီ ဒါဆို စားလိုက်ဦးနော် နွေဖုန်းပြောစရာလေးရှိလို့ သွားပြောလိုက်ဦးမယ် ပြီးရင်ပြန်လာခဲ့မယ်"

"ဟုတ်ပါပြီရှင်"

အစ်မအား အောက်ထပ်တွင်ထားခဲ့လျက် အပေါ်ထပ်သို့တက်လာခဲ့၏။ ထို့နောက် အခန်းအတွင်းသို့၀င်ကာ
လော့အားသေချာချလိုက်၏။

"ဟယ်လိုမာန်...."

တစ်ဖက်မှ ဖြေကြားသံမကြားမီပင် နွေမှဦးစွာဆိုလိုက်၏။

You've reached the end of published parts.

⏰ Last updated: Jul 20 ⏰

Add this story to your Library to get notified about new parts!

မြတိမ်ညိုWhere stories live. Discover now