အပိုင်း (8)

219 15 2
                                    

အစ်မအား နှုတ်ဆက်ပြီးသော် ခေတ်သွန်းမာန်ရှိရာ ဟိုတယ်သို့ ဦးတည်လာခဲ့၏။
အချိန်ကား ညနေ၆နာရီကျော်သာရှိပေဦးမည်။
နေမကောင်းသည့်အစ်မကြောင့် လိုအပ်သည်များ သာလုပ်ပေး၍ အိမ်သို့အမြန်ပြန်ရန် ဆုံးဖြတ်ထား၏။

ဟိုတယ်သို့ရောက်သည်နှင့် အခန်း၀တွင်ကြိုစောင့်နှင့်နေပြီးသားဖြစ်သော မာန့်အားတွေ့လိုက်ရ၏။

"ပေါ်တော်မူလာပြီပဲ"

ရောက်ရောက်ချင်းကြားလိုက်ရသည့် မာန့်စကားကြောင့် နွေရယ်မိသွားသည်။

"ငါကိစ္စလေးနည်းနည်းရှိလို့ပါ မာန်ရယ် အခုသွားရအောင်လေ မိုးအရမ်းချုပ်သွားရင်မကောင်းဘူး"

"ခဏ မသွားခင် နင့်ကိုပေးထားတဲ့ဆေးစစ်ချက်ရော ဖွင့်ဖတ်လိုက်ရဲ့လား"

သူမအကြောင်းအား သိသည့်ဟန်ဖြင့် လက်အားပိုက်လျက်ဆိုလာသည်။

"ဟုတ်သား ငါကားထဲမှာထည့်ထားတာအခုထိမထုတ်ရသေးဘူး"

"ဒါဆိုသွားရင်းပြောရအောင် နင်အရင်ဆင်းနှင့် ငါလိုက်ခဲ့မယ်"

ဟိုတယ်ခန်းထဲမှ ပစ္စည်းအချို့အားယူကာ တံခါးပိတ်ရန်ပြင်လိုက်သည့် မာန်ကြောင့် နွေအရင်ဆင်းခဲ့လိုက်၏။ Car parking သို့ရောက်ချိန်တွင် မာန့်အားစောင့်ရင်း တစ်ဖက်ခုံပေါ်သို့တင်ထားသည့် ဆေးစစ်ချက်အား ယူကာ ဖွင့်ကြည့်လိုက်သည်။

သူမဖွင့်ကြည့်လိုက်ချိန်တွင် ဓာတ်မှန်နှင့် အခြား စာရွက်အချို့။

"ဒေါက်တာပြောတာတော့ အရမ်းအရေးကြီးတာမို့ သူ့ဆီပြန်လာပြီး သေချာစနစ်တကျ စစ်ဆေးမှူခံယူပေးတဲ့"

အနောက်မှ မာန့်အသံကြောင့် ဖတ်လက်စအချို့အားချကာ ကားထဲသို့၀င်စေလျက် ဆက်နားထောင်လိုက်၏။

"နင့်အကျိတ်က ခွဲရမဲ့အခြေအနေကိုရောက်နေပြီမာန်
နောက်ပြီး သွေးကြောနဲ့ အာရုံကြောအချို့ကိုလည်းဖိနေနိုင်တယ်တဲ့ ဒေါက်တာပြောပုံအရဆိုရင် ဦးလေးနဲ့တီလေးကိုအသိပေးပြီး အမြန်လုပ်လိုက်တာကောင်းတယ် ဒီထက်ကြီးလာရင် နင့်အသက်အန္တရာယ်ကို စိုးရိမ်ရနိုင်တယ် နောက်ပြီး တခြားအစိတ်အပိုင်းမဟုတ်ဘူး ဦးနှောက် အရမ်းအရေးကြီးတယ်"

မြတိမ်ညိုWhere stories live. Discover now