အပိုင်း 16 (U+Z)

515 34 7
                                    

ည 8နာရီထိုးနေပြီ အိမ်ပြန်မလာသေးသည့် သူတစ်ယောက်ကြောင့် သိန်းမြတ် အငြိမ်မနေနိုင်ရှာသေး
သူလိုက်လာမှန်းသိလို့ထင် ရှိုင်းထက်က သူ့ကို မျက်ခြေဖျက်သွားသည်
ဘယ်သွားမှန်းလဲ မစဥ်းစားတတ်တော့သည့် သိန်းမြတ် အိမ်သာပြန်ခဲ့ရသည်လေ
ထိုအချိန် ဖုန်းထဲ noti တစ်စောင် တက်လာသည်
သိန်းမြတ် ဖုန်းထုတ်ကြည့်တော့ သူ့ရင်ထဲ လေမုန်တိုင်း ဝင်တိုက်သည့်နယ် ဗလောင်ဆူသွားရသည့်ဖြစ်ခြင်း
အကြောင်းမှာ ဘားတစ်ခုတွင် ရောက်နေသည့် ရှိုင်းထက်နဲ့ဟန်သစ်တို့၏selfieပုံကြောင့်ပင်
ပါးကပါးချိုင့်ခွက်ဝင်အောင်ပြုံးနေခြင်းက သူ့ကိုပိုပြီး ပူလောင်စေသည်
အရင်က သူ့အတွက် အေးချမ်းတဲ့ အပြုံးလေးက အခုလိုသူ့ရင်ကို ပူလောင်စေလိမ့်မယ်လို့ သိန်းမြတ် မတွေးခဲ့မိရိုးအမှန်ဖြစ်သည်

ရှိုင်းထက် ရောက်နေတဲ့ဘားက အရင်တစ်ခေါက် သူခေါ်သွားဖူးတဲ့ ဘားဖြစ်တာကြောင့် သိန်းမြတ် ချက်ချင်းပဲ ထွက်လာလိုက်သည်

...........................

"ညီ မသောက်နဲ့တော့ "

သိန်းမြတ် ကို သဝန်တိုစေချင်လို့ ဘားကိုခေါ်လာပြီး post တင်ဖို့ပဲ ရည်ရွယ်ထားသည့် ဟန်သစ် က အခု တကယ်မူးနေသည့် အမူးသမားကို လိုက်ထိန်းနေရသည်

"ဘာလို့လဲ ရှိုင်း သောက်တာကို အကိုက ငြိုငြင်တာလား "

"မဟုတ်ဘူးလေ
ပြီးတော့ ညီက သောက်နိုင်တာလည်း မဟုတ်ပဲနဲ့ "

"ဘာလို့ မသောက်နိုင်ရမှာလဲ ကြည့် ရှိုင်း သောက်ပြမယ် "

ပြောလည်းပြော ဝန်ထမ်းကောင်လေးကိုလည်း နောက်တစ်ခွက်မှာနေတာကြောင့် ဟန်သစ် ဝန်ထမ်းကောင်လေးကို လက်ကာပြပြီး တော်ပြီလို့ ပြောလိုက်ရသည်
မူးနေတာတောင် ချစ်ဖို့ကောင်းနေသည့် ကောင်လေးကြောင့် ဟန်သစ် ပြုံးမိသေးသည်
ကိုယ် မပိုင်ဆိုင်နိုင်ပေမယ့် သူ ပြုံးနေတာ မြင်ရဖို့ ကိုယ့်ရင်အကွဲခံပြီး သူ့ချစ်သူနဲ့ အောင်သွယ်ပေးမိတာကို ဒီတစ်သက် ဟန်သစ် နောင်တရမယ် မထင်
သူ ပျော်နေရင် ပြီးတော့..........သူ့ဘဝလေး အဆင်ပြေနေရင် ရပြီ
ဘာမှမလိုတော့ဘူး
သူ့အတွက်တော့ အချစ်က ဟိုး......မိုးပေါ်က မခူးဆွတ်နိုင်တဲ့ ကြယ်ပွင့်လေးတစ်ပွင့်သာ
အဝေးကငေးကြည့်နေရရုံနဲ့တင် ပြည့်စုံနေသည်
ညီ က ကိုယ်နဲ့ဝေးရာမှာ တောက်ပနေရမယ့် ကြယ်ပွင့်လေးတစ်ပွင့်ရယ်သာ...............

just friend (စဆုံး )Where stories live. Discover now