အပိုင်း 22

521 38 3
                                    

မောင့်စကားကို နားထောင်ပြီး နားလိုက်ရင်ကောင်းသား
အခုတော့ ထိုးကိုက်နေသည့်ခေါင်းမှာ တဆစ်ဆစ်နဲ့ ခံရဆိုးလှသည်
လူနာသိပ်မလာလို့တော်သေး....
မဟုတ်ရင် အခုပုံစံနဲ့ ရှိုင်း ထပြီး ဆေးကုပေးနိုင်မယ်မထင်ဘူး
အခုတောင် စားပွဲပေါ်မှောက်အိပ်နေရသည်လေ
လာသမျှ လူနာတွေကိုလည်း မခင်လေးကသာ တာဝန်ယူပေးနေလို့ ရှိုင်း ဘာမှတော့ လုပ်စရာမလို
မခင်လေးကတော့ ရှိုင်း နေမကောင်းရင် ပြန်သွားလေတဲ့
ရှိုင်း မပြန်ချင်သေးဘူး
ရှိုင်းပြန်ရင် အိမ်မှာ မောင်နဲ့တွေ့မှာ
မနက်က ကိစ္စကြောင့် ရှိုင်း မောင့်ကို ရှက်လို့ မျက်နှာချင်းမဆိုင်ရဲသေးဘူး
အခုတောင်တွေးရင်း ရှိုင်းရဲ့ပါးနှစ်ဖက်မှာ ပူရှိန်းလို့လာပြန်သည်
ပြီးတော့ ရှိုင်းရဲ့ အခုလိုဖြူဖက်နေတဲ့ပုံစံကိုသာ မောင်မြင်ကြည့်ပါလား ရှိုင်း အဆူခံရမှာပေါ့
သူမသွားခိုင်းနေတဲ့ကြားထဲကနေ ရှိုင်းက ဇွတ်လာခဲ့တာကို

"ရှိုင်း ရှိုင်း "

"ဗျာ "

"နေမကောင်းတာကို ဒီတိုင်းကြီး ပေမနေနဲ့လေ
အိမ်ပြန်ပြီးသွားနားတော့နော် "

ပူခြစ်နေသည့် ရှိုင်း နဖူးကို စမ်းရင်းဆိုလာသည့် မခင်လေးကို
ရှိုင်း ပါးချိုင်းလေးပေါ်အောင် ပြုံးပြလိုက်သည်
ပြီးတော့ အိမ်ပြန်ဖို့ တတွတ်တွတ်ပြောနေသည့် မခင်လေး စိတ်တိုင်းကျ ရှိုင်း အိမ်ပြန်ဖို့ ခေါင်းညိမ့်မိသည်

ရှိုင်း လမ်းကို မနည်းထိန်းပြီး လျှောက်လာရသည်
ခုဏက တဆစ်ဆစ်ကိုက်နေသည့် ခေါင်းက အခုတော့ ချာချာလည်အောင် မူးလာပြန်သည်
ဘေးနားကနေ နှုတ်ဆက်နေသည့်သူတို့ကိုလည်း သေချာပြန်မဖြေနိုင်
အားတင်းပြီးသာ ပြုံးပြခဲ့ရသည်
ခြံဝန်းထဲ ဝင်ခါနီး မိုက်ခနဲဖြစ်သွားသည့်ကိုယ်ကို ထိန်းဖို့ ဘေးနားက ခြံစည်းရိုးကို ရှိုင်း အားပြုလိုက်ရသေးသည်
အိမ်ပေါ်ရောက်တော့ ရှိုင်း အိပ်ရာထဲ တန်းသွားကာ အိပ်ပစ်လိုက်သည်
လူက ဘာမှလှုပ်လှုပ်ရှားရှားမလုပ်ချင်လောက်အောင် နုံးချိနေတာကြောင့် နောက်ဖေးတွင် ချက်ပြုတ်နေသည့် သိန်းမြတ် ကိုလည်း သူပြန်ရောက်ကြောင်း အသိမပေးနိုင်တော့

just friend (စဆုံး )Where stories live. Discover now