အပိုင်း 19

525 28 14
                                    

သိန်းမြတ်တစ်ယောက် တာဝန်ကျရာဒေသမှာ အဆင်ပြေပါစေလို့ ရှိုင်းထက် နေ့တိုင်း ဆုတောင်းမိသည်
သိန်းမြတ် တာဝန်ကျရာဒေသသည် အင်တာနက်လိုင်းရဖို့နေနေသာသာ ဖုန်းလိုင်းပင်မရ
တစ်ခါတစ်ရံ သူ ကျောင်းအတွက် ဝယ်စရာရှိလို့ မြို့ပေါ်ရောက်မှသာ ရှိုင်းထက်နဲ့ အဆက်အသွယ်ရသည်
ဒါတောင်မှ နှစ်ယောက်လုံး အလုပ်သေချာမအားတာကြောင့်
ဖုန်းပြောခွင့်ရတဲ့အချိန်လေးတောင် ခဏတဖြုတ်ပဲ ပြောရသည်
ပြောသည့် စကားများကလည်း နေကောင်းလား အဆင်ပြေလား လွမ်းတယ် သတိရတယ်က လွဲရင် ကျန်တာမပြောမိကြ
အရမ်းလွမ်းနေတော့ တကယ်တမ်းပြောရသည့်အချိန်တွင် စုထားသည့် ပြောစရာစကားတို့က တစ်ခွန်းမှ ထွက်မလာခြင်းဖြစ်သည်
ရှိုင်းထက် ကျောင်းတက်နေတုန်းကလည်း သိန်းမြတ်ကို မလွမ်းအောင် သတိမရအောင်ဆိုပြီး စာပိုလုပ်သည်
အခုလုပ်ငန်းခွင်ထဲရောက်တော့လည်း အလုပ်နဲ့လက်နဲ့မပြတ်အောင် လုပ်သည်
ဒါတောင် စက္ကန့်မလပ် သူ့အကြောင်းပဲ တွေးမိနေသည့် ကိုယ့်ကိုယ်ကိုယ် ရှိုင်းထက် မုန်းချင်လာပြီ

"ဆရာလေးရှိုင်း ဆရာလေးရှိုင်း "

"ဟင် "

"ဘာတွေ တွေးပြီး ငိုင်နေတာလဲ ဆရာရယ် မျက်နှာလည်း မကောင်းပါလား "

"ဘာမှမဟုတ်ပါဘူး ဒီတိုင်းတောင်ရောက် မြောက်ရောက်ပေါ့
ဒါနဲ့ မခင်လေးက မပြန်သေးဘူးလား "

"အခုပဲ ပြန်တော့ မလို့ ဆရာရေ ဆရာကော မပြန်သေးဘူးလား ညနေတောင် တော်တော်စောင်းနေပြီ အတူတူပြန်ရအောင်လေ ဆရာ"

"နေပါဗျာ မခင်လေးသာ အရင် ပြန်နှင့် ဟုတ်ပြီလား
ကျွန်တော်တော့ ခဏနေလိုက်အုန်းမယ် "

"ကောင်းပါပြီ ဒါဆို ခင်လေး ပြန်ပြီနော် "

"ဟုတ် ဟုတ် "

မခင်လေးက သူနာပြုဆရာမလေးပါ ဒီရွာမှာ ရှိုင်းနဲ့တူတူ တာဝန်ကျနေတယ် ဆိုပါတော့ဗျာ
ဒီရွာမှာ ဆေးဘက်ဆိုလို့ ရှိုင်းနဲ့ မခင်လေးသာရှိသည်
ဒါကြောင့်လည်း ရွာသားတွေရဲ့ အားထားခြင်းအလေးထားခြင်းကို ခံရသည်
ဒီရွာတင်မဟုတ် ရွာနီးချောက်စပ်ကပါ ရှိုင်းတို့ကို အားကိုးကြသည် အဲ့အတွက် ရှိုင်း ပီတိဖြာရပါသည်
အခြားသူတွေအတွက် သူတို့က အားထားရာဖြစ်ပေးနိုင်လို့လေ
မခင်လေးက ရှိုင်းထက် ထက် တစ်နှစ်စောပြီး ဒီရွာကို ရောက်နှင့်သည်
ရွာသားတွေအပေါ် စေတနာ ထားသလို ရှိုင်းအပေါ်ကိုလည်း မောင်လေးတစ်ယောက်လို သဘောထားပေးကာ အစစအရာရာ လိုလေသေးမရှိ ဂရုစိုက်ပေးသည်
ရှိုင်း ဒီရွာကို ရောက်စက အူလည်လည်လေး ဖြစ်နေတာ
မခင်လေးကျေးဇူးကြောင့်သာ ရှိုင်း အတွက် အဆင်ပြေခဲ့ခြင်းဖြစ်သည်
ရှိုင်းကော မခင်လေးကောက ဒီရွာသားတွေ စီစဥ်ပေးသည့် သီးသန့်အိမ်လေးတွင် နေရသည်
ခြံဝန်းသီးသန့်နဲ့ ပျဥ်ထောင်အိမ်လေးက သပ်သပ်ရပ်ရပ်နှင့် နေချင်စဖွယ်ကောင်းသည်
မခင်လေးနေသည့် အိမ်နှင့်က ရှိုင်းနေသည့်နေရာနှင့် သိပ်မဝေး 5မိနစ်လောက်သာ လှမ်းရသည်

just friend (စဆုံး )Where stories live. Discover now