အပိုင်း 18

599 32 3
                                    

ဒီတစ်ခေါက် ကျောင်းပိတ်တာ အရမ်းမြန်သလို ခံစားရသည်
နေရက်တိုင်း ချစ်ရတဲ့သူနဲ့အတူ ဖြတ်သန်းရလို့ များလားမသိဘူး

တစ်ဘက်ခါကျောင်းပြန်တက်ရတော့မှာမို့ ရှိုင်းထက်ကော သိန်းမြတ်ကော အဝတ်အစားတွေ ထုတ်ပိုးပြင်ဆင်နေကြရသည်

4လကြီးတောင် ခွဲရမှာကိုတွေးပြီး နှစ်ယောက်လုံးရဲ့ ရင်ထဲ အလွမ်းတွေနှင့်ပြည့်နေရှာသည်
ကျောင်းပိတ်တဲ့ရက်တွင် တွေ့လို့ရမည်ဖြစ်ပေမယ့် ခဏတဖြုတ်ပဲကြောင့်မို့ ဖြစ်နိုင်ရင် ကျောင်းတောင် ပြန်တက်ချင်စိတ်မရှိပါ
ရှိုင်းနဲ့ပဲ အခုလိုအတူတူ အေးအေးဆေးဆေးလေးသာ နေလိုက်ချင်သည်
ဒါမယ့် ဘဝအနာဂတ်ခရီးအတွက် အာမခံချက်တစ်ခုရအောင် သူကြိုးစားရအုန်းမယ်လေ
သူတို့နှစ်ယောက် တစ်သက်လုံးအေးအေးချမ်းချမ်းနဲ့ အတူတူရှိနိုင်ဖို့ အချိန်တစ်ခုတော့ ကြိုးစားရအုန်းမည်
ပြီးတော့ အချိန်ကာလတစ်ခုကို စိတ်ရှည်လက်ရှည် စောင့်ရမည်ဖြစ်သည်

အဝတ်အစားတွေ မထည့်ပဲ သိန်းမြတ်တစ်ယောက် ရှေ့ကအနှီပေါက်လေးကို လက်နှစ်ဖက်နဲ့မေးလေးထောက်ကာ ငေးကြည့်နေမိသည်
သူကြည့်နေမှန်း သတိထားမိထားသွားတဲ့ သူက ရှက်သွေးဖြာသွားသည်မှာ နှာရွက်ဖျားလေးတွေဆို ရဲလို့

"သိန်းမြတ် ဘာလို့အဲ့လောက်ထိကြီး စိုက်ကြည့်နေတာလဲ
ငါ မနေတတ်တော့ဘူး "

"လွမ်းလို့လေ "

"ငါက မင့်ရှေ့မှာ ငုတ်တုတ်ကြီးထိုင်နေတာကို ဘာလွမ်းတာတုန်း သိန်းမြတ် အပိုတွေ "

ရှိုင်းထက်တစ်ယောက်က ရယ်သံစွက်ပြီး ပြောနိုင်သော်လည်း တစ်ဖက်လူက မပြုံးနိုင်ရှာသေး
ကိုယ့်ဝေဒနာကိုယ်အသိမို့ သိန်းမြတ် မပြုံးနိုင်သည်မှာ အပြစ်မဆိုသာချေ

"မောင်တို့ ခွဲရတော့လေ "

"သိန်းမြတ် ဘာမောင်လဲ ရိုးရိုးပြောလည်း ရတယ်နော် "

"ရှိုင်းကလည်း "

"ရှိုင်းကလည်း လုပ်မနေနဲ့ အဝတ်အစားတွေထည့်တော့ မနက်ဖြန်မနက် စောစောသွားရမှာနော် "

"သိပါတယ် "

"သိရင် အခုထည့် "

"သဘောပဲ "

just friend (စဆုံး )Where stories live. Discover now