Description

4.7K 246 5
                                    

Description

လုမော့က ဇာ့ဂ်ဝတ္ထုထဲသို့ ကူးပြောင်းသွားပြီးသည့်နောက်တွင် အမြောက်စာ အမျိုးသားဇာ့ဂ်အဖြစ် နေထိုင်ရပြီး OOCဖြစ်ခွင့်လည်းမရှိပေ။

မူလပိုင်ရှင်က အလွန်ရက်စက်ကြမ်းကြုတ်ကာ IQနိမ့်လွန်းပြီး အလွန်ပျင်းရိသူဖြစ်သည်။

လုမော့က တာဝန်တစ်ခုစီတိုင်းကို အညှာအတာကင်းမဲ့စွာဖြင့် ပြီးမြောက်ခဲ့သည်။ အမျိုးသမီးဇာ့ဂ်၏ တဖြည်းဖြည်းကြက်သေသေနေသော မျက်နှာကိုကြည့်ကာ သူ့နှလုံးသားထဲတွင် အပြစ်ရှိစိတ်နှင့် နာကျင်မှုတို့ဖြင့် ပြည့်နှက်လာရသညိ။

ငါ့လို ဆန်ကုန်မြေလေးနဲ့ တွေ့ခဲ့ရတာ တကယ်စိတ်မကောင်းပါဘူး...

အမျိုးသမီးဇာဂ့်မှာ နှလုံးသားကွဲကြေသွားပြီးဖြစ်၍ သူကလည်း အိပ်ရာမှ နိုးထလာရန် ယခင်က တွေးလိုက်မိသည်။ ထိုအချိန်မှစ၍ သူ့စိတ်ထဲတွင် ထင်ယောင်ထင်မှားဖြစ်နေသည်များကို လျစ်လျူရှု့ပြီး လက်တွေ့ကိုရင်ဆိုင်ကာ တည်ငြိမ်ပြီး ကျိုးကြောင်းဆင်ခြင်နိုင်သည့် ဇာဂ့်တစ်ယောက်ဖြစ်လာခဲ့သည်။ လုမော့၏နှလုံးသားက နာကျင်နေသော်လည်း သူက အလုပ်ထဲတွင် စိတ်ကိုနှစ်မြှုပ်ထားပြီး မည်သည့်အခါမှ နှလုံးသားနူးညံ့စွာ မနေခဲ့ပေ။

သို့ရာတွင် အမျိုးသမီးဇာ့ဂ်က စောင်တစ်ထည်ကိုင်ပြီး အခန်းထဲတွင် လူးလှိမ့်နေကာ သူ့ကို ခေါ်လိုက်ချိန်တွင် မျက်နှာကြီးနီရဲနေသော လုမော့က သူ့နှလုံးသားထဲတွင် တဒိတ်ဒိတ် ဖြစ်သွားမိသည်။

ငါလခွမ်းတဲ့မှ... ဘာလို့ ဒီလိုဖြစ်ရတာလဲ...

__

လင်းက ဤမျှထူးဆန်းသော အမျိုးသားဇာဂ့်ကို တစ်ကြိမ်မှ မမြင်ဖူးခဲ့ပေ။

ထိုအမျိုးသားက သူ့ကိုမုန်းတီးသည်ဟု ဆိုသော်လည်း ဥတစ်လုံး ပေးလာသည်။

ထိုအမျိုးသားက သူ့ကို အားနည်းကာ အသုံးမဝင်ဟု ဆူပူကြိမ်းမောင်းသော်လည်း လွတ်လပ်မှုပေးခဲ့သည်။

ထိုအမျိုးသားက သူ့ကိုချစ်သည်ဟု တစ်ကြိမ်မှ မပြောခဲ့သော်လည်း အခြားအမျိုးသမီးများကို တစ်ကြိမ်တစ်ခါမှ လှည့်မကြည့်ခဲ့ပေ။

လင်းက စိတ်ရှုပ်ထွေးနေပြီး ကြံရာမရဖြစ်နေသည်။

သူ့သူငယ်ချင်းက စားပွဲကိုထုရိုက်ပြီး ပြောလိုက်သည်။
" အဲဒါ tsundereဖြစ်နေတာ မဟုတ်ဘူးလား..."

လင်းက ရုတ်တရက် သဘောပေါက်သွားတော့သည်။

အဲလိုဖြစ်နေတာကိုး...

တကယ်ဝောာ့ အဲဒီအမျိုးသားသခင်က တကယ်ကို ဇာ့ဂ်ကောင်းတစ်ယောက်ပဲ...

သုံးနှစ်ကြာပြီးနောက်...

လုမော့က လင်းကို စိတ်ပျက်အားငယ်စွာဖြင့် ကြည့်နေသည်။
" ဘာပဲဖြစ်ဖြစ် ဖျက်ဆီးပစ်လိုက်တော့... မြန်မြန်လုပ်..."

ထူးဆန်းလိုက်တာ... ဒီလို ဆန်ကုန်မြေလေး settingက ဘာလို့ ပြိုလဲသွားတာတုန်း...

ဒီဇာတ်လမ်းလေးကတော့ tsundereလို့ အထင်ခံရတဲ့Gongနဲ့ သူ့ကိုယ်သူ tsundereဖြစ်‌လို့ ဖြစ်နေမှန်းမသိတဲ့ Shou ရဲ့ အကြောင်းလေးပါ...

------

[ T/N - Tsundereဆိုတာ animeကြည့်တဲ့သူ အများစုကတော့ သိကြပါတယ်၊ သဘောပေါက်လွယ်အောင် အလွယ်ပြောရရင် ကိုယ်က အဲ့လူကိုချစ်ပေမယ့် ဝန်မခံတဲ့အပြင် မကြိုက်ချင်ယောင်ဆောင်၊ စိတ်ထဲကမပါဘဲ စကားလုံးကြမ်းကြမ်း‌တွေပြောတတ်‌တာမျိုးပါ 🤣၊ animeထဲမှာဆို ငါမင်းကို မကြိုက်ပါဘူးဆိုပြီး မျက်နှာကြီးနီနေရင် အဲ့လူ Tsundereပါပဲ🤣]

ဒါလေးက BLပါနော် tagထဲမှာလည်း ထည့်ပေးထားပေမယ့် မတွေ့မှာစိုးလို့ပါ 🍏

ဗီလိန်အမြှောက်စာ Male Zergအဖြစ်သို့ ကူးပြောင်းသွားပြီးနောက်Where stories live. Discover now