‌Chapter 9

580 101 0
                                    

🌌 Chapter 9

ကြယ်နက်ဝေါ့ပေါ်မှ တိုက်ရိုက်ထုတ်လွှင့်မှု၏ ပူပြင်းနေမှုက ကောင်းကင်ကို တောက်လောင်တော့မည့် မီးရှုးမီးပန်းများအလားပင်။  သို့သော် ဤကဲ့သို့ ခေတ်နောက်ကျနေသည့် ကျက်တီးကြယ်တွင်ပင် တစ်ယူသန်သော အမျိုးသမီးဇာ့ဂ်များစွာက ပျက်စီးယိုယွင်းနေသော လမ်းမထက်တွင် ပြည့်ကျပ်နေသေးသည်။ သူတို့နှလုံးသားထဲမှ ချစ်ခင် မြတ်နိုးရသည့် အမျိုးသားဇာ့ဂ်က ဆေးရုံထဲမှ တိတ်တိတ်လေး ထွက်လာခဲ့သည်ကို မသိကြပေ။

"ဒါက မင်းတို့ရဲ့ A အဆင့်အမျိုးသားကို ဆက်ဆံတဲ့ပုံစံလား..."

မျက်နှာဖြူဖျော့နေသည့် အမျိုးသမီးဇာ့ဂ်က ကြီးမားလှသည့် ဒဏ်ရာများနှင့် ခန္ဓာကိုယ်အနှံ့တွင် အမာရွတ်များ ရှိနေသေးသော်လည်း သူ့နာကျင်မှုကို ဂရုမစိုက်အားဘဲ ထပ်ပြောလိုက်သည်။
"ကျန်းရှူးက ဒဏ်ရာရနေသေးတယ်...ဒါပေမဲ့မင်းတို့က သူ့ကိုကောင်းကောင်း ဂရုမစိုက်ပေးခဲ့ဘူး သူသာတစ်ခုခုဖြစ်သွားခဲ့ရင်..."

သူနှင့် မျက်နှာချင်းဆိုင်တွင်မူ အသားဖြူဖြူနှင့်အနည်းငယ်ဝသော ဌာနမှူးရှိပေသည်။

ဌာနမှူးတွင် ကြင်နာတတ်သည့် မျက်နှာထားရှိပေသည်။ သူက အကောင်းဆုံးအရွယ်တွင် ရှိနေ၍ မျက်နှာက ကျန်းမာရေးကောင်းမွန်စွာ သွေးရောင်ပင်သန်းနေသေးသည်။ သူ့သွင်ပြင်က ရယ်ရွှင်ဖွယ်ကောင်းသည့် လာဘ်ကောင်လေးနှင့်ပင် အလားသဏ္ဍာန်တူနေသည်။

သို့သော် ထိုအခိုက်တွင် သူ၏သွေးရောင်သန်းနေသည့်မျက်နှာက ဖြူဆုတ်နေကာ ကြောက်ရွံ့မှုများနှင့်တင်းကြပ်နေပေသည်။

"တောင်းပန်ပါတယ် တောင်းပန်ပါတယ်..."
သူက အထပ်ထပ်အခါခါ တောင်းပန်လိုက်ကာ သူ့လက်က လက်ကိုင်ပဝါကို မြှောက်၍ သူ့မျက်နှာတွင်စီးကျနေသော ချွေးအေးများကို တုန်တုန်ယင်ယင်နှင့်သုတ်လိုက်သည်။
"ဒါက ကျွန်တော်တို့ဆေးရုံရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ရတာပါ...ကျွန်တော်တို့တာဝန်ခံပါ့မယ်...စုန့်လူကြီးမင်းကို စောင့်ရှောက်ရတဲ့ အမျိုးသမီးက လူသစ်လေးမို့လို့ ဒီကစည်းကမ်းတွေကို သေချာနားမလည်သေးတာပါ..."

ဗီလိန်အမြှောက်စာ Male Zergအဖြစ်သို့ ကူးပြောင်းသွားပြီးနောက်Where stories live. Discover now