အချစ်ဦး
အပိုင်း (၂)အချစ်ဦး
အပိုင်း (၂)ကိုခန့်က ကျွန်တော့်အချစ်ဦးဖြစ်ကြောင်း ကျွန်တော်သိခဲ့တဲ့အချိန်က တက္ကသိုလ်ပထမနှစ်။
အားလပ်ချိန် သူငယ်ချင်းတွေက ရည်းစားတွေအကြောင်းပြောနေကြတဲ့အချိန်ပေါ့။ သူတို့ကောင်မလေးကို ဘယ်လိုချစ်ရကြောင်းရယ်၊ ဘယ်လိုဂရုစိုက်ကြောင်းရယ် ၊ ဘယ်လိုဆုံခဲ့ကြကြောင်းကို ပြုံးပြုံးကြီးပြောနေကြတဲ့နှစ်ယောက်။
ကျွန်တော့်မှာတော့ အတိတ်ရဲ့ငြိတွယ်ရာပုံပြင်လေးမှာပဲပိတ်မိနေပြီး ဘယ်သူမှရင်ထဲမထည့်နိုင်သေးဘူး။ ဘယ်သူမှလည်း ကျွန်တော့်ရင်ထဲ မရောက်သေးဘူး။တိုက်တိုက်ဆိုင်ဆိုင် အတန်းထဲကတစ်ယောက်ယောက်ကလည်း ဟဲလေးနဲ့ရဲရင့်အောင်ဆိုထားတဲ့ အချစ်ဦးသီချင်းကိုဖွင့်ထားတယ်။
" မေက ငါ့အချစ်ဦးလေ ။"
ကြည်နူးမှုတွေပြည့်နှက်နေတဲ့အသံနဲ့ပြောလာတဲ့သက်ပြည့်မောင်ကို ကျွန်တော် မျက်ခုံးပင့်ပြီးကြည့်လိုက်မိတယ်။အသံတင်မကဘဲ သက်ပြည့်ရဲ့မျက်နှာမှာလည်း ကြည်နူးပျော်ရွှင်မှုတွေအပြည့်။ ကျွန်တော့်စိတ်ထဲလည်း တစ်စုံတစ်ယောက်ကိုသတိရမိသွားတယ်။ ကျွန်တော်ပြုံးရုံပဲပြုံးလိုက်မိပါတယ်။
အချစ်ဆိုတာ သက်ပြည့်လို ပေါတောတောနေတတ်တဲ့ကောင်ကိုတောင် ဒီလိုကြည်ကြည်နူးနူးပြုံးအောင်လုပ်နိုင်တာပဲ။သက်ပြည့်မောင်က ကျွန်တော်အလယ်တန်းကတည်းက ပခုံးဖက်ပေါင်းလာတဲ့သူငယ်ချင်း။ တက္ကသိုလ်မှာပါ မေဂျာတူလျှောက်ခဲ့ပြီး အခုထိပေါင်းနေတဲ့သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးပေါ့။
" ငါ့မှာ မေ့ကို ၈ တန်းကတည်းက သဘောကျခဲ့ရတာ "
ဟုတ်တယ်။ သက်ပြည့်မောင်က မေလင်းကို ၈ တန်းကတည်းက တိတ်တခိုးသဘောကျခဲ့ရပြီး မရဲတရဲနဲ့လိုက်ခဲ့တာကို ကျွန်တော်မှတ်မိသေးတယ်။ အဲဒီအချိန်တုန်းကတော့ သက်ပြည့်ကစိတ်ကစားရုံပါလို့ ကျွန်တော်မှတ်ယူခဲ့ပေမဲ့ သူတို့အတွဲကအခုထိမြဲနေတုန်းပဲ။
" ငါ မေ့ကို တမေ့တမောငေးလိုက်ရတာဆိုတာလေ... ၉ တန်းရောက်တော့ မေ ငါ့ကိုအဖြေပြန်ပြေးတဲ့အချိန် ပျော်လိုက်တာဆိုတာ "
YOU ARE READING
အချစ်ဦး [ Z+U] // Completed
Romanceဘယ်အချိန်ကစခဲ့မှန်းမသိဘဲ အဆုံးသတ်သွားတဲ့ ငြိတွယ်ရာပုံပြင်တစ်ပုဒ်ကို ကျွန်တော်တစ်ယောက်တည်း ဆက်ရန်... ဆိုတဲ့စာတန်းလေးထိုးခဲ့တယ်။