အချစ်ဦး
အပိုင်း ( ၄)လူတစ်ယောက်ကို မေ့ပစ်ဖို့ကြိုးစားဖူးကြသလား။
လူတစ်ယောက်ကို မေ့ပစ်ဖို့ ဘယ်လောက်လောက်အချိန်ယူရသလဲ။
အဲဒီလူတစ်ယောက်ကိုရော တကယ်မေ့နိုင်သွားရဲ့လား။ကျွန်တော်တော့ ကျွန်တော့်အချစ်ဦးကို မေ့ပစ်ဖို့ကြိုးစားဖူးပါတယ်။ ဆိုင်သူရှိနေပြီဖြစ်တဲ့ကိုခန့်ကိုမေ့ပစ်ဖို့ ကြိုးစားဖူးတယ်။
ကျွန်တော် တက္ကသိုလ်ဒုတိယနှစ်ရဲ့ပထမနှစ်ဝက်စာမေးပွဲဖြေပြီး တစ်နွေလုံးကြိုးစားခဲ့တာ။ အလုပ်တွေမနားမနေလုပ်ပြီး ကိုခန့်ကိုမေ့ပစ်ဖို့ တစ်နွေလုံးကြိုးစားခဲ့တာ။
တက္ကသိုလ်တက်ရင်း ၉ တန်းနဲ့ ၁၀ တန်းကို ဂိုက်ပြနေတဲ့ကျွန်တော်က စာမေးပွဲဖြေပြီးတစ်နွေလုံး စာဖတ်တာရယ်၊ စာကြည့်တာရယ်ကလွဲရင် လုပ်စရာသိပ်မရှိဘူး။ ဆိုတော့ မှော်ဘီလျှပ်စစ်ရုံးနားမှာဆိုင်ဖွင့်ထားတဲ့အမေနဲ့မမကို သွားကူရုံအပြင် တတ်နိုင်တာမရှိဘူးပဲ။ အိမ်မှာနေပြီး အချိန်ခဏလောက်လေးအားသွားရင်တောင် ကိုခန့်ကိုသတိရမှာစိုးလို့ ကျွန်တော် ဆိုင်မှာ တစ်နေကုန်လိုက်ကူတာ။ အမေနဲ့မမကတော့ ထင်လင်းအိမ်တို့ထူးဆန်းနေတယ်ပေါ့။ အကဲတခတ်ခတ်ပါပဲ။ ဟုတ်လည်းဟုတ်ပါတယ်။ ကျွန်တော်က လူရှုပ်တာတွေမကြိုက်ဘူး။ ငြိမ်ငြိမ်လေးနဲ့တိတ်တိတ်ဆိတ်ဆိတ်နေရတာပဲကြိုက်တဲ့သူမို့ စာရေး၊စာဖတ်ကလွဲရင် ဘာမှသိပ်မလုပ်ချင်တဲ့သူ။ အချိုးတွေပြောင်းနေတဲ့ကျွန်တော့်ကို မျက်စိထောက်,ထောက်ကြည့်နေကြတဲ့ အမေနဲ့မမကိုတော့ အရွယ်ရောက်လာတာမို့ နည်းနည်းပါးပါးအပြင်ထွက်ကြည့်ချင်လို့ပါလို့ ယုတ္တိတန်အောင်ပြောထားတာပဲ။ ကိုယ့်ကိုယ်ကိုယ်တော့ ယုတ္တိတန်တယ်ထင်တာပါပဲလေ။
ကျွန်တော် ကိုခန့်ကိုဆက်မချစ်ချင်တော့တာ။ ကိုခန့်ကြောင့်မဟုတ်ဘဲ ကျွန်တော့်ကြောင့်။ ကိုယ့်ဖြစ်တည်မှုကို သေချာမသိတဲ့သူကိုမှ ချစ်နေမိတဲ့ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်လွန်းလို့ ကိုခန့်ကိုမေ့ပစ်ဖို့ကြိုးစားခဲ့တာ။
မနက်စောစောထပြီး အမေ့ကိုဆိုင်ဖွင့်ဖို့ကူတယ်။ အိမ်အလုပ်တွေကူလုပ်ပေးတယ်။ ကျွန်တော် ကံလေးနည်းနည်းကောင်းပြီး စိတ်ကလေးချမ်းမြေ့လာအောင် ဘုရားတရားပိုမိုကိုင်းရှိုင်းဖို့လည်းမမေ့ဘူး ။
ကျွန်တော့်မှာ ဘုရားမှတစ်ပါး အားကိုးရာမရှိတော့တာ။
BẠN ĐANG ĐỌC
အချစ်ဦး [ Z+U] // Completed
Lãng mạnဘယ်အချိန်ကစခဲ့မှန်းမသိဘဲ အဆုံးသတ်သွားတဲ့ ငြိတွယ်ရာပုံပြင်တစ်ပုဒ်ကို ကျွန်တော်တစ်ယောက်တည်း ဆက်ရန်... ဆိုတဲ့စာတန်းလေးထိုးခဲ့တယ်။