အချစ်ဦး
အပိုင်း (၅)လူတွေရဲ့မျှော်လင့်ချက်ဆိုတာက အဆုံးသတ်သွားတယ်ဆိုတာမရှိဘူးပဲ။ မျှော်လင့်ချက်တစ်ခုက အဆုံးသတ်သွားပြီးရင် နောက်ထပ်သောမျှော်လင့်ချက်တစ်ခုက ထပ်ပေါ်လာတယ်။ အဲဒီလိုနဲ့ အဆုံးမရှိတဲ့မျှော်လင့်ချက်တွေနဲ့ အတောမသတ်တဲ့လောဘတွေဖြစ်လာတယ်ထင်တာပဲ။
တစ်ဖက်သတ်ချစ်ခဲ့ရတဲ့သုံးနှစ်ကျော်အတွင်း ရင်းနှီးခွင့်မရခဲ့သမျှ အတိုးချပြီးရင်းနှီးခွင့်ရလေသလားမှတ်ရအောင်ကို ကိုခန့်က ကျွန်တော်နဲ့နီးစပ်လာတယ်။ ကိုခန့် ကြက်တောင်ရိုက်အသင်းထဲစဝင်လာတဲ့နေ့က ကျွန်တော့်ကိုတကူးတကနှုတ်ဆက်တာကိုမြင်သွားတဲ့ အသင်းခေါင်းဆောင်စီနီယာရဲ့ " ကိုခန့်ကိုကူညီပြီးလေ့ကျင့်ပေးလိုက်" ဆိုတဲ့ တာဝန်ပေးအပ်မှုအောက်မှာ ကိုခန့်နဲ့ကျွန်တော် ပိုမိုရင်းနှီးခွင့်ရဖို့ အကြောင်းဖန်လာခဲ့တယ်။
အသင်းခေါင်းဆောင်အစ်ကို့ဆီ တိုးတိုးတိတ်တိတ်သွားပြီး အလိမ်အညာအကြောင်းပြချက်မျိုးစုံနဲ့ ငြင်းပေမဲ့မရဘူး။ သူမရှိတော့ရင် ကျွန်တော့်ကိုအသင်းခေါင်းဆောင်အဖြစ်လွှဲပေးချင်နေတဲ့အစ်ကိုက လူတွေနဲ့စကားပြောပါဦးဆိုပြီး ကျွန်တော့်ကို ပထမနှစ်လေးတွေဆီတွန်းပို့တော့တာပဲ။ အထူးသဖြင့် ကိုခန့်အနားကိုပေါ့။
" မင်း ကြက်တောင်ရိုက်အသင်းကို ဘာလို့ဝင်လာတာလဲ "
တစ်ပတ်လောက်အကြာမှာတော့ ကြက်တောင်ရိုက်ကစားနည်းနဲ့ပတ်သက်တာကလွဲပြီး ဘာဆိုဘာမှမပြောတဲ့ စာအုပ်ကြီးလိုလူကျွန်တော့်ကို ကိုခန့်က အဲဒီလိုစကားစလာတော့တာပဲ။
" အင်း... အမှန်တိုင်းပြောရရင်တော့ နည်းနည်းပါးပါးလူဝင်ဆံ့အောင်ဆိုပြီး ဝင်လာတာ။ ပြီးတော့ ကြက်တောင်ရိုက်ရတာကိုလည်း သဘောကျလို့ ။ "
ကျွန်တော် တွေးဆဆလုပ်ပြီးမှ ခပ်ဖြည်းဖြည်းဖြေတော့ ကိုခန့်က ခေါင်းတဆတ်ဆတ်ညိတ်နေတယ်။ ခဏနားချိန်မို့ ကိုခန့်က ကျွန်တော့်အနားမှာထိုင်နေတာ။ ပြောရရင် ကုန်လွန်ခဲ့တဲ့အချိန်တွေအတွင်း ကိုခန့်နဲ့အနီးဆုံးသောအကွာအဝေးမှာ ကျွန်တော်ရှိနေခဲ့တယ်။ ဒါပေမဲ့ တစ်နည်းနည်းနဲ့တော့ ဝေးနေတုန်းပဲ။
BẠN ĐANG ĐỌC
အချစ်ဦး [ Z+U] // Completed
Lãng mạnဘယ်အချိန်ကစခဲ့မှန်းမသိဘဲ အဆုံးသတ်သွားတဲ့ ငြိတွယ်ရာပုံပြင်တစ်ပုဒ်ကို ကျွန်တော်တစ်ယောက်တည်း ဆက်ရန်... ဆိုတဲ့စာတန်းလေးထိုးခဲ့တယ်။