စာရေးသူ၏အမှာစာ ( သို့) အချစ်ဦးဇာတ်အိမ်အကြောင်း
မင်္ဂလာပါရှင်။ စာရေးသူ ကိုကိုပါ။
အစကတော့ ဒီစာလေးကိုရေးဖို့အစီအစဉ်မရှိပါဘူးရှင့်။ ဒါပေမဲ့ ရေးသင့်တယ်ထင်လို့ရေးလိုက်တာပါ။ပထမဦးဆုံးပြောရရင် 'အချစ်ဦး' က ကိုကိုရဲ့အချစ်ဦးအကြောင်းကို ဇာတ်အိမ်ယူပြီးရေးထားတာပါ။ ပြောရရင် တကယ်ဖြစ်ပျက်ခဲ့တဲ့အခြေအနေကို ဇာတ်အိမ်ရဲ့အစအဖြစ်ယူထားတာပေါ့။ အစအဆုံးအကုန်လုံးတော့မဟုတ်ပါဘူး။ ဘာလို့ဆို ကိုကိုက ကိုကို့အချစ်ဦးကို သူကျောင်းနားသွားပြီး နောက်တစ်နှစ်မှာ သူ့မျက်နှာကိုတစ်ခေါက်ပဲထပ်မြင်လိုက်ရပါတယ်။ ကိုကိုဆယ်တန်းနှစ် သူက ကိုးတန်းပြန်တက်ချိန်ပေါ့လေ။ အဲဒီအချိန်ကတည်းက သူ့ကို ကိုကိုပြန်မတွေ့တော့ပါဘူး။ အဲဒီနေ့က ကျောင်းဆင်းချိန်တန်းစီရင်းတွေ့လိုက်တာ နောက်ဆုံးပါပဲ။ ပြီးခဲ့တဲ့နှစ်တွေထဲ အိပ်မက်ထဲတော့ ရောက်ရောက်လာတတ်တဲ့သူပါ။ သူ့နာမည်ကလည်း နှစ်လုံးတည်းရယ်။ ဒီဝတ္ထုထဲမှာတော့ နာမည်ပြောင်းထားတာပေါ့လေ။
ကိုကို့အချစ်ဦးက ကိုခန့်လိုပဲ အေးအေးငြိမ်ငြိမ်လေးပါ။ ကိုကိုကတော့ ကိုကို့ရဲ့အေးငြိမ်ရာလေးလို့အမြဲတမ်းတင်စားပြောလေ့ရှိပါတယ် ><
ဆိုတော့ ဒီ fic က ကိုကို့အတွက်တော်တော်လေးအဓိပ္ပာယ်ရှိတဲ့အပုဒ်လေးပါ။ မပြည့်စုံပေမဲ့ စိတ်တော်တော်နှစ်ထားတဲ့အဖိုးတန်လေးလို့ပြောရင်လည်းမမှားဘူးပေါ့လေ။ ရေးရင်းနဲ့လည်း မျက်ရည်ဝဲတဲ့အထိပါ။
ကိုကိုနဲ့ ကိုကို့အချစ်ဦးက အပြင်မှာပြန်မတွေ့သလို ပြန်တွေ့စရာလည်းမရှိလောက်တဲ့အနေအထားလို့ပြောလို့ရပါတယ်။ ' အချစ်ဦး ' ထဲက ထင်လင်းအိမ်လိုပဲ ကိုကိုကလုံးဝကိုတစ်ဖက်သတ်ဖြစ်ခဲ့တာမို့ တွေ့ရင်တောင်နှုတ်ဆက်ရမဲ့သူမဟုတ်ဘူး။ကိုကို့ကိုသိချင်မှတောင်သိတော့မှာပါ။ အရင်ကတည်းကမသိခဲ့တာလည်းဖြစ်နိုင်တယ်။
ထင်လင်းအိမ်ကို ကိုခန့်သိနေတယ်ဆိုတာကတော့ ယောက်ျားလေးချင်းဖြစ်သလို လင်းအိမ်သူငယ်ချင်းသက်ပြည့်နဲ့ ကိုခန့်ကလည်း ရင်းနှီးနေတာမို့ လင်းအိမ်ကိုမျက်မှန်းတန်းမိတယ်ဆိုရုံလောက်ပေါ့။
BẠN ĐANG ĐỌC
အချစ်ဦး [ Z+U] // Completed
Lãng mạnဘယ်အချိန်ကစခဲ့မှန်းမသိဘဲ အဆုံးသတ်သွားတဲ့ ငြိတွယ်ရာပုံပြင်တစ်ပုဒ်ကို ကျွန်တော်တစ်ယောက်တည်း ဆက်ရန်... ဆိုတဲ့စာတန်းလေးထိုးခဲ့တယ်။