{4}

104 9 3
                                    


အေးစိမ့်သည့် လေပြေသိမ်းတွေက ဂျယ်ယွန်းကိုယ်ပေါ်က ဆွယ်တာကြား တိုးဝေ့၊ လျှိုဝင်မိတ်ဖွဲ့ကြသည်။ ဆွယ်တာအောက်က ကျောင်းယူနီဖောင်းတစ်ထည်ကတော့ ညိုညစ်ညစ်နှင့် စိုစိုစိစိ။

အလာလမ်းအတိုင်းသာ ပုံမှန်လေးပဲ လျှောက်လာခဲ့တာပါ။ အချိန်အားဖြင့် နေဝင်ချိန်စွန်းနေပြီ။ ခုချိန်လောက်ဆို အဖေက ဂျယ်ယွန်းကို ရှာနေလောက်ရောပေါ့။

မတတ်နိုင်တော့ဘူး။ ကျွန်တော်လဲ အခြားလူငယ်တွေအပါးလွှတ်လပ်မှုနဲ့ နေချင်ခဲ့သေးတာကို။

နာရီအနည်းငယ်လောက်တော့ စိတ်သက်သာရာ ရခဲ့ပေမဲ့ သည်အိမ်ပြန်ရမည့်အခြေနေကြီးက ရောက်လာခဲ့ပြန်ပြီ။

သည်အချိန်လောက်ဆို အိမ်တော်မှာ ပွက်လောရိုက်နေမှာ သေချာတယ်။

"ဂျယ်ယွန်း"
"ငါ့သွားနှင့်ပြီနော်"

"မင်းဆွယ်တာကရော"

"မင်းဝတ်ထား လိုက်ပါတော့"
"မင်းကြည့်ရတာ ခွေးပေါက်လေး အအေးပတ်နေသလိုပဲ"

"ဂရုစိုက်ပါ ဂျယ်ယွန်းရှီး"

အေးစက်တဲ့ လက်ချောင်းရှည်တွေက ဂျယ်ယွန်းရဲ့ ဆံနွယ်ကြားတိုးဝေ့လားပြီး ထိုးဖွမိတော့ အလိုလို ဆူထွက်လာတဲ့ နှုတ်ခမ်းတစ်စုံက ပါပီလေး တစ်ကောင်လိုပဲ။ အဲ့လိုကို အီဟီဆွန်းက ဂျယ်ယွန်းကို အတွင်းသိအစဉ်းသိ။

သိခဲ့တာမကြာဘူးဆိုပေမဲ့ အနည်းငယ်မဟုတ်တဲ့ အတော်အတန်ကို သံယောဇဉ်တွယ် မိနေပြီထင်ပါရဲ့။

လမ်းဆုံတစ်ခုမှာ တစ်ဖက်လမ်း တစ်ဖက် လမ်းခွဲသွားကာ ကိုယ့်အိမ်အပြန်လမ်းကိုယ် ရှေ့ဆက်လျှောက်လာခဲ့ပါပြီ။

သေချာစဥ်းမိနေခဲ့တာ။
ဘာကများဘပြောင်းလဲသွားတာပါလိမ့်လို့။

နောက်ဆုံးတော့လဲ ဂျယ်ယွန်းက တစ်ယောက်တည်းပဲ။ ငယ်ငယ်ကလဲ တစ်ယောက်တည်းပဲ အထီးကျန်ခဲ့ရတယ်။ အဲ့ဘယ်ထူးခြားမှာလဲ။ ပြောင်းလဲမှုတွေကလဲ ရှိလာမှာမဟုတ်ဘူး။ တကယ်လို့ အပြောင်းအလည်း အနည်းငယ်သာရှိခဲ့ရင် အကောင်းထပ် အဆိုးက နည်းနည်းလေးလောက် တော့ပိုများနေလိမ့်မယ်။

RecycleWhere stories live. Discover now