[Unicode]Coward Episode _02_
_____________________
ဖုန်း screenထက်မှလှုပ်ရှားမှုများကိုကြည့်နေသည့် ခပ်ဖျော့ဖျော့မျက်ဝန်းတစ်စုံ။
'Threesomeလား'
'ကောင်မလေးကလှမယ့်ပုံပဲ'
'ချီးဘဲ! အခုမင်းတို့ကအလိုမတူပဲအတင်းလုပ်မလို့လား'
'ရဲတိုင်လိုက်ရတော့မလား'
'ဒါကပြစ်မှုကျူးလွန်နေတာပဲ'
တစ်ခုပြီးတစ်ခုတက်လာနေသည့် Commentများကြောင့် အနည်းငယ်လေးနက်သွားသည့်သူ့မျက်ဝန်းတွေ။
တိုက်ရိုက်လွှင့်နေသည့်ထိုဗီဒီယိုက 'ယော့ဆန်းတက္ကသိုလ်' Home Pageမှဖြစ်ပြီး မိန်းကလေးတစ်ယောက်အား ယောက်ျားလေးသုံးယောက်မှ Sexual Bulliedလုပ်ရန်ကြိုးပမ်းနေခြင်းပင်။
ထိုLive အား ShareသူကShare
သက်ဆိုင်ရာကို အကြောင်းကြားသူကကြားဖြင့် Social mediaတွင် တော်တော်လေးပွက်လောရိုက်နေပြီဖြစ်သည်။အသံကို muteလုပ်ထားသည်ကြောင့် ဘာအသံမျှမကြားရသော်လည်း ထိုမိန်းကလေးမှာ အော်ဟစ်ငိုယိုနေမှန်း သွေးပျက်ဖွယ်ရုန်းကန်နေသည့်အနေအထားမှ ခံစားမိစေသည်။ ဘေးတိုက်အနေအထားမှရိုက်နေသည့်ရှုထောင့်က မိန်းကလေး၏ ပုံသဏ္ဍာန်ကိုသေချာမမြင်ရပေမယ့် ခရမ်းရောင်ဆံပင်ကြားမှ တစ်ခါတစ်ခါပေါ်လာသည့် နုဖတ်ဖတ်မျက်နှာကတော့ အထင်းသား....
သူကြည့်နေရင်း၌ပင် unavailable ဖြစ်သွားခဲ့သည်။
"ဘာလဲ!..Liveကပြီးသွားတာမဟုတ်ဘဲ ချက်ချင်းကြီးဖျက်ချခံလိုက်ရတာလား"
ထို linkမှပြန်ထွက်လာSearch bar၌ ရိုက်ရှာကြည့်မိသည်။ သို့သော် ထို videoနဲ့ပတ်သက်၍ တစ်စွန်းတစ်စမျှပင်အချက်အလက်ပြန်ရှာမရ။
အဆိုးဆုံးက Blue markနှင့်ရှိနေသည့် "ယော့ဆန်းတက္ကသိုလ်"၏ Home Pageကပါ ပျောက်သွားခဲ့တော့သည်။ မိနစ်ပိုင်းအတွင်းမျှသောအချိန်ကာလအတွင်း ထိုလောက်ပြင်းထန်သည့်တုံ့ပြန်မှုမျိုးဖြစ်သွားပုံအရ bullied ခံရသည့်မိန်းကလေးက ရွှေဇွန်းထဲကသာဖြစ်နိုင်သည်။
မရည်ရွယ်ဘဲ ထို Liveကို Jimin ကြည့်မိသွားသည့်အကြောင်းအရင်းကရိုးရှင်းသည်။ ယော့ဆန်းတက္ကသိုလ်၌တက်နေသည့် တစ်ဖက်သတ်ကြိုက်နေရသောလူတစ်ယောက်ကြောင့် သူနှင့်ပတ်သက်တာတွေကို Social mediaမှာ stalkerလုပ်နေရင်း Pageကိုပါ like လုပ်ထားမိတော့.....
![](https://img.wattpad.com/cover/371045914-288-k428906.jpg)
YOU ARE READING
𝐓𝐡𝐞 𝐋𝐚𝐬𝐭 𝐓𝐞𝐚𝐫𝐬 (ℂ𝕠𝕨𝕒𝕣𝕕) 𝐸𝑑𝑖𝑡𝑖𝑜𝑛
Fanfiction"ကျွန်တော်က ခင်ဗျားအဖေအပိုင်" JJK X KTH MYG X PJM