Episode _05_

861 40 5
                                    

[Unicode]Coward Episode _05_ (နှောင်တွယ်မိရာကြိုးမျှင်ငယ်)

ခဲဆွဲသလိုလေးလံနေတဲ့ သူတို့နှစ်ယောက်ရဲ့ခြေလှမ်းတွေက သံပြိုင်ထွက်နေသည့် ဘင်ခရာအဖွဲ့ဆီမှတီးမှုတ်သံတို့အား လှောင်ရယ်ပြုနေသယောင်။

အားကစားခန်းမထဲမှ ကျောင်းသားကျောင်းသူများရဲ့ စကားသံတို့ကဆူညံလျက်။

"လှလိုက်တဲ့ကောင်မကွာ...တောက်စ်"

'ဗြော'ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ Cheerleaderဆီ မျက်လုံးကျွတ်မတတ်ငေးနေကြတဲ့ကျောင်းသားတွေ။မျက်ခုံးမျက်ဖန်လှလှ၊ ကိုယ်ဟန်သွယ်သွယ်၊အပြုံးနုနုဖြင့် ထိုစီနီယာအစ်မဆီ ဂျောင်ဂုကိုယ်တိုင်လဲ ခနခနအကြည့်ရောက်ရောက်သွားမိတာအမှန်ပင်။

ဒီနေ့က ကျောင်းပေါင်းစုံ အားကစားစွမ်းရည်ပြိုင်ပွဲနေ့။
နှစ်စပိုင်းမှာ ရုတ်တရက်ထလုပ်တဲ့ဒီပွဲက အမှန်တစ်ကယ်အားဖြင့်ပြောရလျှင် မနှစ်ကတည်းက ပြင်ဆင်မှုကိုယ်စီဖြင့်အရန်သင့်ရှိနေကြပြီးသား။အထက်တန်းဒုတိယနှစ်နဲ့ တတိယနှစ် နှစ်တန်းသာပါဝင်ပြီး အထက်တန်းသို့ယခုမှတက်ရောက်လာသည့် ပထမနှစ်တွေအတွက် ရှေ့က ဦးဆောင်လမ်းပြမိတ်ဆက်သည့်သဘောဖြင့်လုပ်သည့်ပွဲသက်သက်သာ။

သူတို့ရဲ့ကျောင်းက အမျိုးသားသီးသန့်ကျောင်းဆိုသော်ငြား 'ဗြောလ်'ကတော့ ကျားမယှဉ်တွဲထားသည့်ကျောင်း။ ဒါကြောင့် အခါအခွင့်ကြုံတုန်း ကျောင်းရောက်လာတဲ့ တစ်ခြားကျောင်းက ကျောင်းသူတွေကို အစိမ်းဝါးမလိုလိုက်ကြည့်မိကြတာတော့အပြစ်မဟုတ်။

"အဲတာ တတိယနှစ်ကစီနီယာအစ်မတဲ့ နာမည်က အွန်းဂျီဆိုလား ဂျီအွန်းဆိုလား... Model လုပ်တယ်ပြောတာပဲ..ခနနေ ငါသူ့ IG Account သွား add မလို့လေ"

ဘေးမှအူမြူးကာပြောနေသည့် တစ်စုံတစ်ဂယူ။
ရုပ်လေးချောကာစာလေးတော်သလောက် အဲ့လိုစပ်ဖြီးဖြီး ပေါတောတောနဲ့ ဖွန်လိုက်ကြောင်တတ်လို့ ဘယ်သူကမှမပေါင်းချင်တာဟုတွေးလိုက်မိသည်။

ဒါပေမဲ့ သူနဲ့ အွန်ဝူးက အဲ့ ကင်မ်မင်ဂယူကိုပေါင်းနေတဲ့သူမှန်းသတိရလိုက်မိပြန်တော့ မျက်နှာကအလိုလိုရှုံ့မိသွား၏။

𝐓𝐡𝐞 𝐋𝐚𝐬𝐭 𝐓𝐞𝐚𝐫𝐬 (ℂ𝕠𝕨𝕒𝕣𝕕) 𝐸𝑑𝑖𝑡𝑖𝑜𝑛Where stories live. Discover now