[Unicode]Coward Episode _03_ (ခရမ်းရင့်ရောင်မျဉ်းပြိုင်)
"မင်းအဲ့လိုထပ်လုပ်မယ်ဆို ငါ့အကိုကို ငါပြန်တိုင်မှာနော်ဂျောင်ဂု"
ခပ်ကျယ်ကျယ်ကြားလိုက်ရသည့်ညီမဖြစ်သူ၏စကားကြောင့် မီးဖိုခန်းမှထွက်ရန်ပြင်သည့်ခြေလှမ်းများကိုရုတ်သိမ်းလိုက်ကာ ထိုနေရာ၌ပင်အသာငြိမ်သက်လိုက်မိသူတစ်ယောက်။
"အဲ့တာတွေအားလုံးဒေါ်လေးကြောင့်ဖြစ်တာပဲမလား"
တစ်ဆက်တည်းပြန်ထွက်လာသည့် သားဖြစ်သူ၏ ဒေါသခပ်စွက်စွက်စကားသံမှာသူမျက်မှောင်တစ်ချက်ကျုံ့လိုက်သည်။ ဒီကလေးတော့ သူ့ဒေါ်လေးကို အဲ့လိုပဲ မလေးမစား အော်နေကျလားဟု ထွက်မေးလိုက်ချင်ပေမယ့် မထွက်သေးပဲ ထပ်ထွက်လာမည့်စကားသံကိုသာနားစွင့်ထားလိုက်၏။
"မင်းသူငယ်ချင်းတွေက ငါလှလို့လှတယ်ပြောတာကို...အမှန်တရားပြောတာပဲကို မင်းကသူတို့ကို လက်သီးနဲ့ထိုးစရာလား"
'လက်သီးနဲ့ထိုးတယ်တဲ့လား'
နားမလည်စွာတစ်ယောက်တည်းတီးတိုးရေရွတ်သည်။အခု သူ့သားကကျောင်းမှာရန်ဖြစ်လာတယ်ပေါ့။
"ထိုးသင့်လို့ထိုးတာလေ"
"မင်းကလူမိုက်လား...ဟိုကလေးတွေတော်တော်နာသွားတယ်မလား"
တူဖြစ်သူ သူ့အားအပြစ်တင်ဆူပူပြီး ကျောင်းမှ နှာဘူးကောင်များအားကာကွယ်ပြောနေသည့်ဒေါ်လေးဖြစ်သူကို ကြည့်ရင်း ဒေါသကြောင့်ရှူးရှူးရဲရှဲဖြစ်လာရတော့သည်။
"ဒေါ်လေးတစ်ကယ်ပဲဘာဖြစ်နေတာလဲ...သူတို့လှတယ်ပြောတာမကောင်းတဲ့စိတ်နဲ့လေ...လူကြီးဖြစ်ပြီးအဲ့တာလေးတောင်မသိဘူးလား...ဒေါ်လေးမှာဦးနှောက်မရှိတော့တာလား...စိတ်တိုလိုက်တာ..."
"ရားးရားးးဂျောင်ဂု...မင်း...မင်းငါ့ကိုဦးနှောက်မပါဘူးလို့ပြောတာလား...ဒီခွေးကောင်ကတော့..."
လက်ထဲကိုင်ထားသည့် slim bag နဲ့သူ့ကိုရွယ်လာသည့်ဒေါ်လေး။ မျက်လုံးများကဒေါသကြောင့်ပြူးကျယ်ကာ နီရဲနေသည်။
"ခွေးကောင်...ကျွန်တော့်ကိုခွေးကောင်လို့ပြောလိုက်တာလားအခုက...ဒေါ်လေးလွန်နေပြီနော်..."

YOU ARE READING
𝐓𝐡𝐞 𝐋𝐚𝐬𝐭 𝐓𝐞𝐚𝐫𝐬 (ℂ𝕠𝕨𝕒𝕣𝕕) 𝐸𝑑𝑖𝑡𝑖𝑜𝑛
Fanfiction"ကျွန်တော်က ခင်ဗျားအဖေအပိုင်" JJK X KTH MYG X PJM