[Unicode]Coward Episode _04_ (တတိယမြောက်ဖြတ်မျဉ်း)
'နှစ်ဝက်စာမေးပွဲရောက်တော့မယ် အပျော်အပါးလေးလျော့ထားဦး'
ဒယ်ဒီရဲ့သတိပေးစကားကိုထပ်ခါထပ်ခါ ပြန်ကြားနေတော့ ဂိမ်းစက်အရှေ့၌ထိုင်နေရသည်မှာမသက်မသာဖြစ်လာသည်။အခုမှ အထက်တန်းပထမနှစ်သာရှိသေးသော်လည်း ယူထားတဲ့ဘာသာရပ်က သူများထက်ပိုပြီး heavy ဖြစ်တာမို့ စိတ်လွတ်ကိုယ်လွတ်နေဖို့မရဲ။
နောက်ဆုံးလက်ကျန် အကြွေစေ့ သုံးစေ့ကို ဘေးရှိအွန်ဝူးစားပွဲပေါ် ပစ်တင်လိုက်သည်။ 'ဘာလဲ'ဆိုသည့်သဘောဖြင့်မေးငေါ့ပြလာသည်။ ဂိမ်းဆော့ကမပျက်ပါ။
"ငါအရင်ပြန်နှင့်မယ်..."
"အပြန်ကျ ငါတို့ကြက်ကြော်ဆိုင်ဝင်ဦးမှာလေ..."
အွန်ဝူးဘေးမှ မင်ဂူက လှမ်းပြောခြင်းဖြစ်သည်။
"ဘာဖောက်ပြန်တာလဲ...စုထားတဲ့ပိုက်ဆံကိုတော့ပြန်မပေးဘူးနော် ဟျောင့်"
ဘုတောတောနဲ့ပြောလာသည့် အွန်ဝူး။ Rich Kids တွေမဟုတ်လေတဲ့သူတို့အဖို့တော့ တောင်ကိုးရီးယားနိုင်ငံရဲ့လူတန်းစားမရွေးစားနိုင်တဲ့ကြက်ကြော်ကိုတောင် တစ်ယောက် ဝမ် 2000စီစုပြီး ဝယ်စားရတာမျိုး။
ထင်မနေကြနဲ့။
ချာအွန်ဝူးဆိုတာ ‘Cha Cha Family’ စားသောက်ကုန်လုပ်ငန်းစုရဲ့သား။ ကင်မ်မင်ဂူရဲ့မိဘတွေက သူတို့တက်နေတဲ့ 'ဘုံဆွန်း'ပုဂ္ဂလိက ကိုယ်ပိုင်အထန်းတန်းကျောင်းရဲ့ရှယ်ယာရှင်။
သူကတော့ ဆိုးလ်တက္ကသိုလ်ဆေးရုံဥက္ကဌရဲ့မြေးတစ်ယောက်။ဒါပေမယ့်သူတို့အဖွဲ့ကrich kidsတွေနဲ့မတူစွာ ဗရုတ်ကျသည်။
ရေခဲမုန့်တစ်ခုကိုသုံးယောက်အတူလဲ ကတ်သီးကပ်ဖဲ့မျှစားတတ်ကြသလို ကျောင်းတက် ကျောင်းဆင်းလဲ အများသုံးဘတ်စ်ကားမှာ အတူတိုးဝှေ့ရတာကိုသဘောကျသည်။
ယခုလဲ ကြက်ကြော်စားဖို့အရေး အိတ်ထဲက ရှိစုမဲ့စုထောင်တန်နွမ်းနွမ်းလေးတွေထုတ်ကာ စုထားကြခြင်း။
"မင်း အဲ့တာကြီးကတော့ ငတ်လွန်းအားကြီးတာမျိုးဖြစ်မနေဘူးလား..."

YOU ARE READING
𝐓𝐡𝐞 𝐋𝐚𝐬𝐭 𝐓𝐞𝐚𝐫𝐬 (ℂ𝕠𝕨𝕒𝕣𝕕) 𝐸𝑑𝑖𝑡𝑖𝑜𝑛
Fanfiction"ကျွန်တော်က ခင်ဗျားအဖေအပိုင်" JJK X KTH MYG X PJM