Intro(U/Z)

991 25 5
                                    

၂၀၂၄ ခုနှစ် မေလ ၂ရက်

မိုးစက်မိုးပေါက်လေးများ..မြစ်ရေပေါ်သို့ တဖျဖျကြွေကျလျှက်ရှိနေ၏။မနေ့ညက သည်းသည်းမည်းမည်း ရွာသောမိုးကြောင့် အိမ်အနီးနားရှိသစ်ပင်များ သည်လည်း ရေဝကာ ပုံမှန်ထက်ပင် စိမ်းလန်းလျှက်ရှိသည်။"ရွေး"မြစ်ထဲမှ မြစ်ရေတို့သည်လည်း ကျွန်တော့်အိမ်ရှေ့ရှိ သစ်သားတံတာလေးကိုပင် ဝါးမြိုလေတော့မည်။

မိုးစက်မိုးပေါက်များကြောင့် သစ်ရွက်လေးများ လှုပ်ခက်သွားသည်ကအစ၊
တိုက်ခက်နေသော လေထုကြောင့်
မြစ်ရေပေါ်လှိုင်းကြက်ခွပ်လေးများဖြစ်ပေါ်သည်အဆုံး...
တွေးစရာ၊ ငေးစရာပါပင်...

"အဖေ..မနက်စာ စားလို့ရပီ"

သမီးဖြစ်သူ ခင်ဆွေသန့်၏ အသံကြောင့် ကျွန်တော်၏ တွန့်ချိုးထားမိလေသော မျက်ခုံးတန်းတို့အား ဖြေလျှော့လိုက်၏။

"အေး..အေး သမီးရေ၊ အဖေ လာမယ်..
ညက မိုးအေးအေးနဲ့ အိပ်လိုက်တာ အခုမှ နိုးတယ်"

"ဟုတ်..အဖေမျက်နှာသစ်ဦးလေ၊ဒီနေ့ ဆေးခန်းပိက်တော့ အဖေ့ အခန်းကို သမီးရှင်းပေးမယ်"

"ရပါတယ် သမီးရဲ့..အပတ်တိုင်း အဖေကိုယ်တိုင်ရှင်းနေကြ
ပါ။တစ်နေ့​တလေဆေးခန်းပိက်တာ နားပါကွယ်"

"ရပါတယ်..အဖေရဲ့၊ မျက်နှာသစ်စရာရှိတာသစ်ပီး၊ မနက်စာ စားပါ တော့
အချိန်က မနည်းတော့ဘူး"

"အဖေ့ ကို သမီးရဲ့ လူနာတွေများမှက်နေလား မိဆွေ..၊အဖေ့ကျန်းမာရေးက သံချောင်းလိုပဲ"

အလွန်လိမ္မာသည့် သမီးဖြစ်သူကို ကြည့်ကာ ကျွန်တော် ပြောလိုက်၏။

လွန်ခဲ့သော ၃ နှစ်ခန့်မှ စ၍ CDMဆရာဝန်မလေး သမီးဆွေ သည်
အိမ်တွင်သာ နေရင်း အခမဲ့ဆေးပေးခန်းလေး ဖွင့်၍သာ ဝါသနာကို မွေးမြူထားလျှက်ရှိသည်။

ကျွန်တော်ကိုယ်တိုင်သည်.. ထိုစစ်အာဏာရှင်လက်အောက်၌ မွေးသည်မှစ၍ ယခုအချိန်ထိပင် ရှင်သန်ခဲ့ရကာ အသည်းခိုက်အောင်နာခဲ့ရသည်မို့ သမီးဖြစ်သူအား ထိုအမျိုးယုတ်တစ်စု၏ လက်အောက်၌ အလုက်မလုက်စေလိုပါ..။

ပန်းတစ်ပွင့်၏ ဒဏ္ဍာရီ(Ongoing)Where stories live. Discover now