Part-4(U/Z)

188 16 6
                                    

   "မရွာဘဲ မမဲပါနှင့် မိုးနတ်မောင်
    ပိန်းပေါက်လို့မှောင်
    ရွာမယောင် ဟန်ဆောင်နှင့်သူမြူး   
    ရွှေမိုးညို မြောက်ကိုတိမ်းတယ်
    ခြိမ်းသင့်ပါဘူး "

__________________________________

ကောင်းကင်တွင် တိန်ညိုတိမ်မဲများ ရွေ့လျားဖုံးအုပ်နေသည်။ ထစ်ချုန်းသံများလည်း တစ်ချက်ချက်ကြားနေရသည်။ သို့သော် မြေပြင်ပေါ်သို့ မိုးစက်အနည်းငယ်မျှသာ ကျကာ၊ မိုးသားများ လေနှင့်အတူ ရွေ့လျားလွင့်ပါသွားသည့် အလျှောက်..ဒေါ်ရွှေဥ၏ ဗျစ်တောက် ဗျစ်တောက်အသံကို ကြားနေရသည်။

"ဒီမိုးနဲ့..ရွာချင်လည်း ရွာချလိုက်ပါတော့လား၊ ထွက်ယုတ်လိုက် ပြန်လှန်းလိုက်နဲ့ တကတည်း"

ရာသီအကူးအပြာင်းဖြစ်လျှင်
ဖျားနာ တတ်သော ဝင်းဆွေ ကြောင့်
ကိုကိုကြီးသည် လယ်ထဲသို့ မဆင်းဖြစ်ချေ။ဒေါ်ရွှေဥ တစ်ယောက်ထဲဖြင့်လည်း စိတ်မချသဖြင့် ဒီနေ့တစ်ရက်..လူလည်းနား၊ နွားလည်းအနားရသည်။တစ်ဖက်ခြံ မှ မောင်မင်းကျော်ကိုလည်း လူငှားအဖြစ်ထားသဖြင့်
လယ်ထဲတွင် လစ်ဟင်းမှု့တော့မရှိချေ။

ကိုကိုကြီးသည်..
အိမ်ရှေ့ ကွပ်ပျစ်တွင် ထိုင်၍ အကြမ်းသောက်ရင်း ရွာမလို ညိုသော
ကောင်းကင်ကိုသာ တစိမ့်စိမ့်ကြည့်နေမိသည်။ခြံရှေ့ရှိ စံပယ်ပင်လေးများသည်လည်း ဖူးစ၊ဝေစ ဖြင့်
မိုးရေကို စောင့်လင့်နေသည်။

"ကိုကိုကြီး..."

လှေကားထစ်ပေါ် တွင် ရပ်နေသော ဝင်းဆွေသည် ဆံပင်ကို ထုံး၍မထားဘဲ၊ကပိုကရို သာစည်းနှောင်ထားသည်။
ရာသီအကူးအပြာင်းတိုင်းတွင် တွေ့မြင်
နေကျ နွမ်းလျသော မျက်နှာလေးသည်
ကိုကိုကြီး၏ ရင်အား လေးလံထိုင်းမှိုင်းစေပြန်သည်။

"အပြင်ကို ဘာလို့ ထွက်လာရသလဲး ဆွေကလေး ရယ်၊ လေတွေ တိုက်တယ်ပြန်ဝင်နေ"

"ဆွေ့ကြောင့် ကိုကိုကြီး အလုက်ပျက်ရပြီ"

ဝင်းဆွေသည် လှေကားထစ်ပေါ်မှသည် ကွပ်ပျစ်ဆီသို့ ဆင်းလာနေသောကြောင့်၊ ကိုကိုကြီး ထိုင်နေရာမှထက
တွဲကူ ခေါ်လိုက်သည်။

ပန်းတစ်ပွင့်၏ ဒဏ္ဍာရီ(Ongoing)Where stories live. Discover now