Part-3(U/Z)

216 19 1
                                    

မိုးဦးကျချိန် လယ်ထဲ၊ယာထဲ
နွားနှင့်ယှဥ်ကာ ရုန်းနေရချိန်ဖြစ်သည်။
အောက်ပြည်အောက်ရွာ ဖြစ်သောကြောင့် မိုးစောစောကျသည်။

လယ်အနိမ့်ပိုင်းများဖြစ်၍...
ကိုကိုကြီးတို့ လယ်ဧကများသည်
သူများထက်အရင်ထွန်ယက်ရသည်။

မိုးသည် တခနရွာလိုက်၊ ပြန်တိတ်လိုက်
ဖြင့်..လယ်ထွန်ကောင်းသော မိုးဖြစ်သည်။ မိုးနှင့်အပြိုင်
ထွန်လိုက်ယက်လိုက်ရာ
ညနေစောင်းအချိန်ပင် ရောက်လာ၏။
ဒေါ်ရွှေဥ ၏ နောက်ထပ်သားနှစ်ကောင်ဖြစ်သော ရွှေနီ၊ရွှေဖြူနှစ်ကောင်
အား ထွန်တုံးမှဖြုက်၍ လှည်း၌တပ်လိုက်သည်။

ရွှေဖြူ၊ ရွှေနီ နှစ်ကောင်သည်
ဒေါ်ရွှေဥ ၏ အသည်းကြော်များ
ဖြစ်သည့်အလျှောက် ကိုကိုကြီးလည်း
ရွှေနှစ်ရွှေအား ဖူးဖူးမှုက်ထားရသည်။

ယင်းတို့နှစ်ကောင်နားချိန်၌ ကိုကိုကြီးခမျာ မနားရသေးချေ
လယ်ကံသင်းရိုးတစ်လျှောက်နှင့် မြေကွက်လပ်ရိုင်းများရှိ
စိမ်းစိုသော မြက်များအား
တံဇဥ်တစ်ချောင်းဖြင့် ရိပ်ယူကာ
လှည်းပေါ်သို့ တင်နေသည်။

ဒေါ်ရွှေဥ သည် သူ၏ သားနှစ်ကောင်အား မြက်ခြာက်ကျွေးသည်ကိုမကြိုက်ချေ။တစ်ခါတုန်းကဆိုလျှင်...

"ဟဲ့...ကိုကိုကြီး!! နင် ငါ့သားတွေကို ဘာတွေကျွေးထားတာတုန်း"

နွားတင်းကုပ်ထံမှ ထွက်ပေါ်နေသော ဒေါ်ရွှေဥ ၏ အသံကျယ်ကြီးဖြစ်သည်။

"အမ ကလည်းဗျာ...မမြင်တာလည်း မဟုက်ဘဲ။ကောက်ရိုးလေဗျာ..ကောက်ရိုးပေါ့"

ကိုကိုကြီးသည်..
အိမ်ပေါ်မှ ခုန်ဆင်းရင်း
ဒေါ်ရွှေဥအား အရင်အော်ပြောလိုက်သည်။ လူက တော့ ဒေါ်ရွှေဥ အနားသို့ သိပ်မကပ်ရဲပုံပင်..

"​မြက်ရိပ်ကျွေးပါ..လို့ ပြောတာ ၊နင်မြက်မရိတ်ဘူးလား"

"နွားပဲဗျာ..ကောက်ရိုးစားတာ ဆန်းသလား။ကျုပ်လည်း နေ့တိုင်းလိုလို ရိတ်နေရတာ မရိတ်နိုင်တော့ဘူး"

"အေး..ငါ့သားတွေကို မြက်ရိတ်မကျွေးရင်၊ နင်လည်း ထမင်းမစားနဲ့"

ပန်းတစ်ပွင့်၏ ဒဏ္ဍာရီ(Ongoing)Where stories live. Discover now