Part-8(U/Z)

185 15 2
                                    

🎶 ပျံ့ပျံ့ငယ်သင်း.. လေညှင်းသုန်သုန်..🎶

🎶ဝတ်မှုန်ညီ ခိုင်ညာဝင်း..၊ ကြိုင်စွာသင်း..မြိုင်ယံအတွင်း..

🎶 မွှေး..ရနံ..မွှေးရနံ့ထုံရှာ၊ ရဂုံဝန ဆီက..ညို့ညို့မှိုင်း ရှု့လေတိုင်း ဖြေမဆည်နိုင်တာ..🎶

🎶 ဆွေးသူမှာ အလွမ်းအား ပိုလို့ အသည်းဘဝင် မချိစရာ...🎶

"အမိ က ဘယ်သူ့ကိုများ ဆွေး နေသလဲး"

"အို..အမေ့!!"

"မလန့်ပါနဲ့ အမိရဲ့..သီချင်းသံလေး သာလို့ စပ်စုမိတာပါ"

ရွာမြောက်ပိုင်းရှိ ​အမဖြစ်သူ ဝင်းမေ ထံမှ၊ ရောက်လာသော စာတစ်စောင်ကြောင့် ဆွေ အိမ်မှ တိတ်တိတ်လေး ထွက်လာခဲ့ခြင်းဖြစ်သည်။

အပျင်းပြေ သီချင်းကလေး ညည်းကာ
ရွာလယ်လမ်းပေါ် တစ်ယောက်ထဲး လျှောက်လာခဲ့သော ဆွေသည်..
သူ့ရှေ့သို့ ရုတ်တရက် ရောက်လာသော လူကြောင့် လိပ်ပြာလွင့်မတတ်ပင်..

"အမိ က ဒီရွာက ဟုတ်သလား။ကျုပ်မြင်ဖူးသမျှ မိန်းမပျိုတွေထဲ အမိ ကအလှဆုံး ဖြစ်နေမလားဘဲ.."

ဆွေ သည် သူ့အား စူးစူးစိုက်စိုက်ကြည့်ကာ မေးလာသူကြောင့် ကိုယ်ကို အနည်းငယ်ရို့မိလိုက်သည်။

"အမိ! ကျုပ်မေးတာကို ဖြေဦးလေ"

"ဆွေ..ဆွေက မိန်းမစစ်စစ်မဟုတ်ဘူး"

"ကျုပ်လည်း မိန်းမ စစ်စစ်တွေကို မကြိုက်ပေါင်"

"အို..."

"အမိ နာမည်က ဆွေ တစ်လုံးထဲလား"

ဆွေ ထိုလူ့ဆီမှ အကြည့်များ ကြောင့်
ခြေလက်တွေ အေးစက်လာသည်
။ တောင်ညိုရွာ၌ တစ်ခါမျှ မတွေ့ဘူးသော လူဖြစ်သလို၊ဝတ်ပုံစားပုံနှင့် ဆီရွှဲနေသောဆံပင်များကို နောက်လှန်၍ ဖီးသင်ထားပုံအရ အခြားရွာကလည်း ဟုတ်ပုံမရချေ။

"ကျုပ်က ဒီရွာက မင်းကျော်ရဲ့ မိတ်ဆွေပါ..မြို့က အလည်လိုက်လာတာလေ။ နာမည် က နိုင်းဝေ.."

ဆွေ့ အား ပြုံးပြကာ မိတ်ဆက်စကားဆိုလာသော ထိုလူဖြူချောသည်..
အကြည့်ရိုင်းရိုင်းတွေသာ မပါရင်ဖြင့်
ဒီ့ထက်ပို၍ပင် ကြည့်ကောင်းသည့် ရုပ်ရည်ဖြစ်ပိုင်ရှင် ဖြစ်နေလောက်သည်။

ပန်းတစ်ပွင့်၏ ဒဏ္ဍာရီ(Ongoing)Where stories live. Discover now