Part-5(U/Z)

194 16 4
                                    


"ဟို.. ဟိုမှာ ကိုကိုကြီး လာပြီတော့"

"အေးတော်...လယ်ထဲ၊ယာထဲ အမြဲး ဆင်းနေရတာတောင် ကိုကိုကြီးတို့က
တစ်ချက်ကလေးနားတာ မဟုတ်ဘူး"

ကောက်စိုက်သမ များထံမှ တီးတိုးသံများ ခပ်မှန်မှန်ထွက်ပေါ်နေသည်။
ထဘီတိုတို ဝတ်ထားရသော်ငြား
သူမတို့၏ တုက်ခိုင်သော ခြေသလုံးများသည် မျှော့မကြောက်၊ရေမကြောက် သန်မာလှပါသည်။

"အဲ့ဒီလိုရိုးသား ကြိုးစားတဲ့
လူကောင်းလေး ကို မြင်နေရယုံနဲ့တင် အားမရနိုင်လိုက်တာအေ"

"ကြီးစိန်တင်က အသက်ကြီးမှ ဆေးအပိုဆောင်ချင်နေတာလား..တော့"

"ဟဲ့...မိတုက် ဘယ့်နှယ်ပြောလိုက်တာတုန်း၊ ကျုပ်က သားမတ်တော်ချင်နေတာအေ့။ ကိုကိုကြီး ကိုသာ သားမတ်တော်ရရင်တော့လေ...."

ကြီးစိန်တင်သည် လက်ထဲမှ ကောက်ပင်အား ထိုးစိုက်ရင်း...
အတွေးများလျှက်ရှိနေသည်။

"ကိုကိုကြီး လို လူမျိုးကို သားမတ်တော်ချင်နေတဲ့ လူတွေက ဒီတစ်ရွာလုံးက သမီးရှင်တွေ အကုန်လုံးပါပဲ.. "

"အို...ဒါတင်ဘယ်ကဦးမလည်း အေ..
လင်ယောကျ်ားအိမ်ဦးနတ်အရာ ပေးချင်တဲ့ အပျိုတွေကလည်း အများသားမလား။ကျုပ်တို့တောင် အဲ့ဒီထဲပါသေး..ဟီးဟီး"

ကောက်စိုက်သမ လုံမပျိုတို့သည်
အင်္ကျီဗလာဖြင့် ပျိုးပင်ရိုက်နေသော
ကိုကိုကြီးအား ကြည့်ကာ အမောပြေ အပန်းပြေနေကြသည်။
ကျစ်လစ်သော ရင်အုပ်များအပြင်
ငယ်စဥ်မှစ၍ အလုက်ကြမ်းလုက်နေရသဖြင့် ဗိုက်မှ ကြွက်သားအထုအထစ်များမှာ အမောပြေ အပန်းပြေယုံမက
နှာခေါင်းသွေးပင် လျှံကျချင်စရာ...
ထိုမှထပ်မံ၍ အောက်ပိုင်းကိုကြည့်လျှင်တော့ ကျစ်လစ်သည့် ပေါင်တံနှင့်
ပြေးဖတ်ထားချင်စရာ သန်မာသည်ခြေတံရှည်များ တည်ရှိနေသေည်။

ညိုသောအသားအရည်နှင့် တည်ကြည်သော ကိုယ်နေဟန်ထားကြောင့်လည်း လုံမပျိုတို့ မျက်စိမလွှဲနိုင်တော့ချေ။

"ဟ!!ကိုကိုကြီး..ဘယ့်နှယ်လုက် ပျိုးပင်တွေ "တဖန်းဖန်း"လာရိုက်နေသတုန်း"

ပန်းတစ်ပွင့်၏ ဒဏ္ဍာရီ(Ongoing)Where stories live. Discover now