"ဂျင်လေးမင်းမှာ ပိုက်ဆံဘယ်လောက်ရှိလဲ ငါအရမ်းလိုနေလို့"
"ဘယ်လောက်လိုတာလဲ ဦးလေး"
"လောင်းကစားရုံမှာ ရှုံးသွားတာတော်တော်များတယ် ဂျင်လေးရဲ့"
"ကျနော့်မှာ ဘယ်လိုလုပ်ရှိမှာလဲ"
"မင်းမရရအောင်ရှာပေး မဟုတ်ရင် ငါ့ကိုသတ်လိမ့်မယ်"
"အမေ့ဆေးဖိုးတောင် ခေါင်းဆီကတောင်းနေရတာ ဦးလေးတခြားဆီမှာပဲ..."
"မင်းအမေကို မင်းလုပ်နေတဲ့အလုပ်အကြောင်းလေးသာ ပြောပြလိုက်ရင်..."
"မလုပ် အဲ့လိုမလုပ်ပါနဲ့ မေမေသိလို့မဖြစ်ဘူး"
"ဟင်း တစ်ပတ်အချိန်ပေးမယ် မဟုတ်ရင်တော့ ငါ့ကိုအကြွေးတောင်းတဲ့သူတွေမသတ်ခင် မင်းအမေကိုအကုန်ပြောပြခဲ့မယ် နားလည်လား"
"ဟုတ်"
ဦးလေးသည် ဂျင့်ကိုသူပဲ ဒီနေရာရောက်အောင် ပို့ခဲ့ပြီး ဂျင့်ဆီကသူလိုချင်တာမရရင် အဲ့ဒါနဲ့ကိုင်ပေါက်တတ်သည် အမေသိလို့မဖြစ်ပါ အမေသာသိသွားခဲ့ရင် ဂျင့်ကိုရွံ့သွားမလားဟင်...ပြီးတော့အမေ့ရောဂါထဖောက်မှာလည်း ဂျင့်အသေကြောက်ပါသည်
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
"ပိုက်ဆံလိုလို့ ဟုတ်လား မင်းဦးလေးကြောင့်ပဲလား"
"ဟုတ်ကဲ့"
"ထားပါ အဲ့ဒါမင်းတို့ကိစ္စ ငါကမင်းအမေဆေးဖိုးလည်းပေးရတယ်၊အခုမင်းဦးလေးအကြွေးကိုလည်း ပေးရအုံးမယ်ဆိုရင် မင်းရှာပေးနေတာ အဲ့လောက်ရှိတယ် ထင်နေလား ဟမ်"
ဂျင်တို့ဆီမှာရှိတဲ့ညငှက်လေးတွေထဲမှာ ဂျင်ကကြေးအကြီးဆုံးပါပင် သူ့ရှာနေတဲ့ပိုက်ဆံရဲ့သုံးပုံပုံတစ်ပုံတောင်သူမရသေးပါ ဒါကိုတော့ စာမသင်ခဲ့ရတဲ့ကောင်လေးတစ်ယောက်မသိနိုင်ပါ...
"ကျနော် ဘယ်လိုလုပ်ရင် အဲ့ပိုက်ဆံရနိုင်မလဲဟင်"
"မနက်ရော ညရော မင်းအလုပ်လုပ်ရမယ် မင်းကိုလိုချင်ကြတဲ့သူတွေများတယ်လေ ဟက်"
"ခင်ဗျာ"
ဂျင်တို့အလုပ်သည် အချိန်နဲ့အလုပ်လုပ်ရတာဖြစ်သည် ဥပမာ-တစ်ယောက်က ၂နာရီစာငှားရင် အဲ့လူပြီးပြီးမပြီးပြီး၂နာရီပြည့်တာနဲ့ ဂျင်တို့တာဝန်ပြီးသွားပြီဖြစ်သည် အခုတော့မနက်ရောညရောဆိုတော့ ဂျင်တစ်ရက်ကို လူဘယ်နှရောက်နဲ့တောင် ဆက်ဆံရမှာလဲ
YOU ARE READING
ညငှက် (ongoing)
Fanfictionအဖေ့ရဲ့အပြစ်ကြွေးတွေကို သားဖြစ်သူကဆပ်ပေးရတာ ဖြစ်သင့်တယ်မဟုတ်လား!