ပထမအကြိမ်တွေ့ဆုံတုန်းက ကျုပ်ခင်ဗျားကိုသဘောကျမိခဲ့ပေမယ့် ဒုတိယအကြိမ်ပြန်တွေ့ဆုံမှုမှာတော့ ခင််ဗျားကိုမုန်းတယ်..
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
"တရားခံ ကင်မ်ဆော့မင်ကလူသတ်ခဲ့ကြောင်းပြစ်မူထင်ရှားသဖြင့် ပြစ်မူပုဒ်မ( )အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျူးကျစေ ။"
တရားသူကြီးရဲ့အမိန့်ချသံအဆုံးမှာ ဂျောင်ဂုတစ်ယောက် လက်သီးဆုပ်လိုက်မိသည် သူသည် မိသားစုအကုန်လုံးကို ဆုံးရှုံးခဲ့ရပေမယ့် ဒီလူကြီးကတော့ ထောင်ထဲမှာအသက်ရှင်စွာနေရအုန်းမည် အဲ့ဒါကမတရားဘူးမဟုတ်လား ကျုပ်ကတရားမျှတမူဆိုတာဘာလဲပြမှာမို့ ခင်ဗျားစိတ်ချလက်ချထောင်ထဲမှာနေပါဂျောင်ဂုသည်အရွယ်လေးနဲ့မှမလိုက်အောင် အမုန်းတရားတွေအစပျိုးခဲ့သည်ပင်
"ဖေဖေ အီးဟီး"
"ဂျင်လေး ဖေဖေမရှိတော့ရင်လည်း သားကမေမေ့ကိုသေချာဂရုစိုက်ပါ ပြီးတော့ မင်ဟွန်း ငါ့သားနဲ့ငါ့ဇနီးကို မင်းနဲ့စိတ်ချခဲ့မယ် မင်းပေးထားတဲ့ကတိမမေ့ဖို့မျှော့်လင့်တယ်"
"စိတ်ချပါ အစ်ကိုကြီး"
ဖေဖေသည် ထောင်ထဲမှာနေပြီး နှစ်တစ်ချိုးကြာရင်လွှတ်ငြိမ်းချမ်းသာခွင့်ရနိုင်သည်ကို ဘာလို့အပြီးနှုတ်ဆက်နေသလိုပြောနေလည်းဂျင်နားမလည်ပါ
"ဖေဖေပြန်လာခဲ့ရမယ်နော်"
ဖေဖေသည် သူ့ကိုဘာမှမပြောပဲ ရဲတွေရဲ့ဆွဲခေါ်ရာနောက်ကိုသာလိုက်သွားတော့သည်
မေမေသည်လည်း ဖေဖေရဲ့တရားခွင်ကိုမလာနိုင်ခဲ့ဖေဖေသတင်းကြားပြီးဆေးရုံတက်နေခဲ့ရသည်ပင်တစ်ဖက်ကကောင်လေးမှာတော့ အလွမ်းသယ်နေကြတဲ့သားဖနှစ်ယောက်ကိုကြည့်ပြီး အံ့တင်းတင်းကြိတ်လိုက်မိသည်
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
"ဂျင်လေး ဒီနေ့အလုပ်မသွားရဘူးလား"
"ညကျမှ သွားရမှာ"
ဂျင်သည် ဒီနေ့တော့ လာခေါ်သူတွေဆီသွားရမှာမဟုတ်ပဲ ကိုယ်တိုင်လူရှာရမည်ပင် ဒါကသူလုပ်နေကျမဟုတ်သောလည်း အခုတော့လုပ်ရတော့မည် အဲ့လိုလုပ်တာကပိုက်ဆံပိုသည်ဟု သူ့ရဲ့သူငယ်ချင်းလေးနာဟွန်းကပြောသည် ထိုကိစ္စကိုေခါင်းသိလို့တော့မဖြစ်ပါ သူ့ကိုကွက်ကျော်ရိုက်တယ်ဆိုပြီး အထိုးခံရနိုင်သည် မလုပ်လို့လည်းမရပါအမေ့ဆေးဖိုးအတွက်ပိုက်ဆံလိုနေပြီမဟုတ်လား
YOU ARE READING
ညငှက် (ongoing)
Fanfictionအဖေ့ရဲ့အပြစ်ကြွေးတွေကို သားဖြစ်သူကဆပ်ပေးရတာ ဖြစ်သင့်တယ်မဟုတ်လား!