part -5

276 38 33
                                    

"ကင်မ်ဆော့ဂျင်ကို ခင်ဗျားဝယ်ထားတဲ့ပိုက်ဆံထက် ဆယ်ဆပိုပေးမယ်"

"ဟား ဟား ရယ်တောင်မရယ်နိုင်တော့ဘူး ကင်မ်တော့ဂျင်ရှာပေးနေတာ အဲ့ထက်တောင်ပိုများနေပြီ မင်းသိလား "

"ခင်ဗျားတောင်းသလောက်ပေးမှာမို့လို့ ကင်မ်ဆော့ဂျင်ကိုသာ ကျုပ်ကိုပေးပါ"

"ကောင်းပြီလေ သူကလည်းနောက်၃ ၊၄နှစ်ဆို သုံးဆယ်ပြည့်တော့မှာဆိုတော့ ငါ့အတွက်သိပ်အသုံးဝင်တော့မှာမဟုတ်ဘူး "

"ရော့ Blackcard ခင်ဗျားကြိုက်သလောက်ထုတ်လိုက်လို့ရတယ် ပြီးရင်တော့ ကင်မ်ဆော့ဂျင်ကို လုံးဝမဆက်သွယ်ပါနဲ့ အဲ့ဒီအချိန်ကျရင်တော့ ဂျွန်ဂျောင်ဂု ဘာအကောင်လဲဆိုတာ သိစေရမယ်"

*ကင်မ်ဆော့ဂျင် ခင်ဗျားကဒီနေ့ကစပြီး ကျုပ်အပိုင် ...ဟက်*

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

"ဒါ ကျုပ်တိုက်ခန်း ခင်ဗျားအဆင်ပြေသလိုနေလို့ရတယ် "

"ကျေးဇူးတင်ပါတယ်"

ဂျင် ထိုကောင်လေးကွန်ဒိုသို့ ထပ်မံရောက်ရှိလာသည် ထပ်လာဖို့မစဥ္းစားဖူးသော်လည်း ကံတရားရဲ့စီမံမှုကြောင့် ရောက်ရှိလာပြန်သည် ဒီညတစ်ညတော့နေပြီး မနက်ကျမှပဲပြန်တော့မည်ဟု တွေးလိုက်မိတော့သည်

"အွန်း ပြီးရင်မျက်နှာဆေးထည့်မယ်"

ဟိုအကောင်တွေ ဝိုင်းဆွဲတော့ ဂျင်ကအတင်းရုန်းနေတာနဲ့ မျက်နှာကိုလက်ဝါးစောင်းနဲ့ဖျက်ရိုက်ထားခြင်း

"ဟုတ်ကဲ့ ကျနော်ဘယ်အခန်းမှာနေရမလဲဟင် "

"ဒီ တိုက်ခန်းမှာ အခန်းနှစ်ခန်းပဲပါတာ အဲ့တော့ ကျုပ်အခန်းမှာပဲနေ"

"ဟင်"

"နောက်တစ်ခန်းက ကျုပ်ပန်းချီဆွဲတဲ့အခန်းမို့ ဆေးတွေပရပွနဲ့ပေပွနေတာမို့ခင်ဗျားနေလို့အဆင်မပြေဘူးလေ ပြီးတော့ရှင်းရင်လည်းအကြာကြီးရှင်းရမှာ"

"အာ ...ရပါတယ် ကျနော် အခုပဲရှင်းလိုက်ပါ့မယ်"

"ခင်ဗျားရပေမယ့် ကျနော်မရဘူးလေ"

"ဗျာ"

"အဟွတ် အဟွတ် ဒီလိုလေအဲ့ပန်းချီထဲကပုံတွေက ကျုပ်အတွက်တန်ဖိုးကြီးတာမို့ ခင်ဗျားရှင်းပေးလို့ အဆင်မပြေဘူးလို့ ပြောချင်တာ"

ညငှက် (ongoing)Donde viven las historias. Descúbrelo ahora