。。。
ဒီနေ့က 6.1.2024 သာယာလှပတဲ့နယ်မြို့လေးတစ်မြို့ကနေရှောင်းကျန့်တို့မြို့ကြီးပြကြီးဖြစ်တဲ့ ပေကျင်းကိုအိမ်ပြောင်းလာခဲ့ကြတယ်။
အကြောင်းအရင်းက ပါပါးရဲ့အလုပ်ကြောင့်လဲပါသလို ကိုကြီးကိုတစ်ယောက်ထဲပေကျင်းမှာကျောင်းတက်ခိုင်းရတာစိတ်မချ၍လည်းပါသည်။
အရာရာကိုစိတ်ပူတတ်တဲ့မာမားရယ်ပါလေ။
ကိုကြီးကတော့ကျောင်းအပ်ဖို့ကိစ္စတွေရှိတာကြောင့် လွန်ခဲ့တဲ့တစ်လကပင် ရှောင်းကျန့်တို့ထက်စော၍ပေကျင်းကိုရောက်နှင့်နေပြီ။"ကျန့်ကျန့်ရေ ဟိုငေးဒီငေးလုပ်မနေနဲ့တော့
သားပါပါးကိုအထုတ်တွေကူသယ်ပေးလိုက်ပါအုံး""ဟုတ်ကဲ့ မား"
ရှောင်းကျန့်မျက်မှန်လေးတစ်ချက်ပင့်တင်ရင်းမားကိုပြန်ဖြေလိုက်တယ်။
တစ်ကယ်လည်းရှောင်းကျန့်အငေးလွန်နေတာပင်သူတို့နေထိုင်တဲ့နယ်မြို့လေးနဲ့ပေကျင်းနဲ့က
လူနေမှုပုံစံကွာလွန်းတော့မျက်လုံးထဲအကုန်လုံးအသစ်အဆန်းတွေပင်။
ရှောင်းကျန့်တို့အခုနေသည့်တိုက်ခန်းသည်ပုံစံတူတိုက်ခန်းတွေကိုအတန်းလိုက်ဆောက်ထားသည့်ပုံစံဖြစ်သည်။ရှောင်းကျန့်ပါးနဲ့အတူအထုတ်တွေကူသယ်နေစဉ်ပူပြီးရှေ့ဆံပင်မှချွေးများကျလာ၍နှဖူးယားလာသဖြင့် ခေါင်းစည်းကြိုးဖြင့်ရှေ့ဆံပင်ထိပ်ကလေးကိုစုပြီးချည်ထားလိုက်သည်။
မျက်မှန်နှင့်ရှေ့ဆံပင်လေးစုချည်ထားသည့်ရှောင်းကျန့်ကအကောင်ပေါက်လေးအတိုင်းပင်အရမ်းချစ်ဖို့ကောင်းသည်။
"ကျန့်ကျန့်သားအကိုရော ရောက်တော့မယ်တဲ့လား"
"ဟုတ်မား လွန်ခဲ့တဲ့ 1နာရီလောက်ကတော့ဖုန်းဆက်ထားတယ် အတန်းပြီးလို့ထွက်လာနေပြီလို့တော့ပြောတယ်မား"
Tingtong~~~
"ဟော ပြောရင်းဆိုရင်းရောက်လာပြီထင်တယ်မား သားတံခါးသွားဖွင့်ပေးလိုက်မယ်"
'ချပ်'
"ကိုကြီး ဘာလို့နောက်ကျနေ..."
ရှောင်းကျန့်အရှေ့ကမြင်နေရသည့်လူကြောင့်ပြောစရာစကားများစွံအသွားတယ် နှဖူးပေါ်ဝဲကျနေသည့်ဆံပင်၊စူးရဲနေသည့်မျက်လုံး၊ထိပ်ဖျားလေးလုံးပြီးဖြောင့်တန်းနေတဲ့နှာတံ၊သေသပ်ပိရိသောနှုတ်ခမ်းပါးတစ်စုံ ဒီလူချောလိုက်တာဟု စိတ်ထဲအကြိမ်ကြိမ်ရေရွတ်နေမိသည့်အထိ အတော်ကြာအကြည့်ချင်စုံနေမိသည်။