10 1 0
                                    

。。。

ဒီနေ့ကရှောင်းကျန့်အတွက်ပထမဆုံး ပေကျင်းမှာကျောင်းတက်ရမယ့်နေ့ ရှောင်းကျန့်ကအထက်တန်းနောက်ဆုံးနှစ်ရောက်နေပြီ။နောက်နှစ်ဆို အချစ်ဦးကိုကို နဲ့အတူ တက္ကသိုလ်တက်လို့ရပြီလေ။ဟုတ်တယ်ကိုကို ရှောင်းကျန့်စိတ်ထဲမြတ်မြတ်နိုးနိုးနဲ့ခေါ်ချင်မိတဲ့နာမ်စားလေး ရှောင်းကျန့်ရဲ့ကိုကို။

"ကျန့်ကျန့် သားရေထွက်မလာသေးဘူးလားနောက်ကျတော့မယ် breakfast လည်းစားရအုံးမှာ သားကိုကြီးတောင်ပြီးနေပြီ"

သူ့မာမားအော်ခေါ်တော့မှရှောင်းကျန့်ကအခန်းထဲမှထွက်လာသည်။

"လာပြီ မားရ ပထမဆုံးကျောင်းတက်တဲ့နေ့လေးကိုအရင်ကထက်ပိုချောအောင် နည်းနည်းတော့ရွိုင်းရအုံးမှာပေါ့မာမားရ"

"လုပ်မနေနဲ့ ညီလေးဒီရုပ်ကဒီရုပ်ဘဲဘာမှမပြောင်းလဲသွားဘူး"

"ဟွန့်"

သူ့အကိုက၀င်ပြောလာတော့ရှောင်းကျန့်ရုပ်လေးမဲ့ပြီးနှုတ်ခမ်းလေဆူထော်နေလိုက်တယ်။

"ကဲသား နှုတ်ခမ်းဆူမနေနဲ့တော့ အမြန်စား
သားအကိုလိုက်ပို့လိမ့်မယ် တော်ကြာကျောင်းနောက်ကျနေအုံးမယ်"

"ဟုတ်ကဲ့ မား"

ရှောင်းကျန့်တို့ကျောင်းနဲ့ကိုကြီးတို့တက္ကသိုလ်ကသိပ်မဝေးပါ ကိုကြီးကရှောင်းကျန့်ကိုလိုက်ပို့ပြီးမှသူ့ကျောင်းကိုသွားမှာဖြစ်သည်။
..........

၀မ်ရိပေါ်အ၀တ်အစားပြင်ဆင်၀တ်ပြီးလို့ကျောပိုးအိတ်ကောက်လွယ်ပြီးအခန်းထဲကထွက်ခဲ့လိုက်သည်။

"သား ရိပေါ်မနက်စာစားသွားအုံးလေ"

"မစားတော့ဘူး နောက်ကျနေလို့ ကျွန်တော်သွားပြီ"

ရိပေါ်ရဲ့မားမျက်နှာလေးညိုးသွားသည်။အိမ်မှာဆိုရိပေါ်လေးကအမြဲအဲ့လိုဘဲအေးစက်စက်နဲ့စကားလည်းသိပ်မပြော အရင်ကတော့ဒီလိုမဟုတ်ပါ သူ့အဖေကြောင့်ဖြစ်သွားတယ်လို့ပြောရမှာပေါ့ သူမအမှားတွေလည်းပါပါတယ်လေထားပါတော့။သူမကတော့အရင်လိုပုံစံလေးဘဲပြန်လိုချင်မိတယ်။ရိပေါ်လေးအပေါ် တစ်ကယ်မေတ္တာစစ်မေတ္တာမှန်နဲ့ချစ်ပေးနိုင်တဲ့သူလဲပေါ်လာပါစေလို့ဆုတောင်းပေးမိတယ်။

爱你Where stories live. Discover now