。。。
ညနေရောက်တော့အတန်းပြီးလို့ရှောင်းကျန့်အပြင်ကိုထွက်လာလိုက်သည်။ဘေးမှာလည်းဒီနေ့မှရတဲ့သူငယ်ချင်းအသစ်လေးပါပါလာသည်။
နာမည်က ကျစ်ရှင်း လို့ခေါ်တယ် ရှောင်းကျန့်ကိုအရင်လာမိတ်ဖွဲ့တာ ကိုယ့်ဟာကိုယ်ဆို ကိုကို့မျက်နှာတစ်ကမ္ဘာထင်ပြီး ဘယ်သူ့ကိုမှလိုက်မိတ်ဖွဲ့မှာမဟုတ်။ပြောသာပြောနေရတာဟိုကသူ့ကိုအဖက်တောင်လုပ်တာမဟုတ် ရှောင်းကျန့်လေးစိတ်ဆင်းတွေလဲဆင်းရဲပါတယ်။တွေးနေရင်းနဲ့ကျောင်းပေါက်၀ရောက်သွားလို့ ကိုကြီးကိုရှာနေလိုက်တယ်။
"ရှောင်းကျန့် မင်းကိုကြီးမရောက်သေးဘူးလား"
"အေးဟုတ်တယ် မတွေ့ဘူးမရောက်သေးတာထင်တယ် သွားတော့လေ ငါတစ်ယောက်ထဲဖြစ်ပါတယ်"
"ရပါတယ်ကွာ အလှလေးကိုတစ်ယောက်ထဲမထားခဲ့နိုင်ပါဘူး"
"ချီးကိုအလှလေး မင်းအရိုက်ခံချင်နေတာလား"
ပြောရင်းနဲ့ရှောင်းကျန့် ကျစ်ရှင်းရဲ့ကျောကိုတစ်ဖျက်ဖျက်ရိုက်နေသည်။ဟိုကောင်ကအရိုက်ခံရတာကိုဘာတွေသဘောကျနေတာလဲမသိ တဟီးဟီးနဲ့မြင်းကျနေတာဘဲ..
"ကျန့်ကျန့်"
သူဟိုကောင်နဲ့သတ်နေတုန်းကိုကြီးအသံကြားလိုက်ရသည်။လှည့်ကြည့်လိုက်တော့ ကိုကြီးကိုအရင်မမြင် crush ကိုအရင်မြင်လိုက်ရသည်။ဘာလို့လူကိုဆို အမြဲမျက်မှောင်ကျုံ့ပြီးကြည့်နေရတာတုန်း။ဒါပေမဲ့လည်းချောလိုက်တာ ဘယ်အချိန်ကြည့်ကြည့်ကိုချောနေတာ ဘေးကကောင်မလေးတွေကလည်း ကွက်ကြည့်ကွက်ကြည့်နဲ့ ဟွန်းးးမြန်မြန်ရှောင်းကျန့်အပိုင်လုပ်မှ စိတ်မချဘူးရယ်
"ကိုကြီး လာပြီလား"
ကိုကြီးလို့သာခေါ်နေတာ မျက်လုံးကသူ့အကိုဖြစ်တဲ့ငါ့ဆီမှာမရှိ ဘေးက၀မ်ရိပေါ်ဆီမှာ ရှောင်းကျန့် ရှောင်းကျန့်တော်တော်ဖြစ်နေတာ...
"ကိုကြီး ဒါကျစ်ရှင်းလို့ခေါ်တယ် ကျန့်ကျန့်ရဲ့သူငယ်ချင်းအသစ်လေး"
ရှောင်းချန်တစ်ချက်ကြည့်လိုက်သည်။ကောင်လေးကရုပ်ဖြောင့်ပြီးရည်ရည်မွန်မွန်ပုံစံလေးပါဘဲရှောင်းကျန့်မိတ်ဆက်ပေးတော့ခေါင်းတစ်ချက်ငြိမ့်ပြပြီးပြုံးပြတယ်။ရှောင်းချန်လည်းခေါင်းငြိမ့်ပြပြီးပြန်နှုတ်ဆက်လိုက်သည်။