。。。。
ဒီနေ့ကျန့်ကျန့်ကျောင်းလစ်ပြီး ကိုကို့ကိုသွားချောင်းမလို့ အဲ့လူကြီးကလေ ဟိုနေ့ကဖွင့်ပြောပြီးကတည်းက ကျန့်ကျန့်ကိုရှောင်နေတာ ယောင်္ကျားလေးတွေကိုမကြိုက်ဘူးလို့လည်းငြင်းလိုက်သေးတယ် ကောင်းတယ်ယောင်္ကျားလေးတွေကိုမကြိုက်နဲ့ ကျန့်ကျန့်ကိုဘဲကြိုက် ရှောင်းကျန့်တွေးရင်းနဲ့ဘဲကိုကိုတို့ တက္ကသိုလ်ရှေ့ရောက်သွားတယ်။
"အလှလေးရှောင်းခဏစောင့်ပါအုံး"
ရှောင်းကျန့်ခေါ်သံကြားလို့နောက်လှည့်ကြည့်လိုက်မှကျစ်ရှင်းဖြစ်နေတယ် 'ကျစ် ဒီကောင်ဘယ်လိုတွေ့သွားပြန်တာတုန်း'
"မင်းကဘယ်လိုကနေဘယ်လိုလိုက်လာတာတုန်း"
"ငါတို့ကျောင်းမရောက်ခင် လမ်းဆုံမှာထဲကတွေ့လိုက်တာ အလှလေးကဒီကိုဘာလာလုပ်တာတုန်း"
''ငါကိုကို့ကို လာချောင်းတာ "
"ဟမ် ကိုကိုဘယ်သူလဲ ရှောင်းချန်ကော ကိုပြောတာလား"
"ငါကကိုကြီးကို ကိုကိုလို့ခေါ်ပါ့မလား ကိုကို၀မ်ရိပေါ်ကိုပြောတာ သူ့ကိုလာချောင်းတာ လျှာရှည်လိုက်တာ မိကျောင်းသားရယ်အဲ့တာနဲ့အထဲမရောက်တော့ဘူး"
ကျစ်ရှင်းတွေးလိုက်တယ် အလှလေးက ဘာလို့ သူ့အကိုဆီလာတာမဟုတ်ဘဲနဲ့ ၀မ်ရိပေါ်ဆိုတဲ့အကိုကိုလာချောင်းတာလဲ မဟုတ်မှ...
"အလှလေးရှောင်း မင်းမဟုတ်မှလွှဲ အဲ့ဒီအကိုကိုကြိုက်နေတာလား"
"ဟုတ်တယ်အခုမှသိတာလား ဒုံးဝေးလိုက်တာ လိုက်မယ်ဆိုလည်းဘာမှထပ်မမေးဘဲလိုက်ခဲ့ ပြီးတော့အလှလေးလို့ထပ်မခေါ်ဖို့ပြောထားတယ်လေ"
ကျစ်ရှင်းမှာ ခဏလောက်စွံအသွားသည် 'အခုမှအချစ်ဦးနဲ့တွေ့ခါစဘဲရှိသေးတယ် သူ့မှာကြိုက်ရမယ့်လူရှိနေပြီတဲ့လား ငါ့ဘက်ကကြိုးစားခွင့်လေးတောင်မရှိတော့ဘူးလားကွာ မတတ်နိုင်ဘူးလေ သူပျော်ရွှင်နေတာလေးဘဲငေးကြည့်နေရရင်ရပါပြီ'
"အေးပါကွာ မကြိုက်ဘူးဆိုလည်းထပ်မခေါ်တော့ပါဘူး ရှောင်းလို့တော့ခေါ်မယ် အဲ့တာလေးတော့ခွင့်ပြုကွာ"