Chapter- 5

457 52 33
                                    

" ဖိုးဖိုး... "

မဟူရာအခန်းကြီးထဲမှာတော့ ကူးလေးတစ်ယောက်ဟာ ကြောက်ရွံ့မှုတွေ ကြီးစိုးခြင်းခံနေရသည်။
အမှောင်ကြောက်တတ်တာမို့ အိပ်ရင်တောင် အလင်းရောင်ကောင်းကောင်းရအောင် လုပ်တတ်သူလေးဟာ အခုတော့ဖြင့် မီးရောင်မရှိတဲ့ ထိုအခန်းကြီးထဲ သနားစဖွယ်ပင်။ ကြောက်စိတ်တွေလွန်လာတဲ့အခါ တမ်းတမိသည်က တစ်ဦးတည်းသာရှိတော့သော သူအားကိုးရသည့် မိသားစုဝင် ဖိုးဖိုးကိုသာ။

အခန်းမှောင်ကြီးထဲ နေတာကြာနေပြီဖြစ်တာကြောင့် ကြောက်စိတ်နှင့်တကွ ပင်ပန်းနွမ်းနယ်မှုတွေပါ ကပ်ပါလာ၏။
လေးလံလာသော မျက်ဝန်းတွေဟာ အားယူပြီး ဖွင့်လို့တောင် မရတော့တာမို့ စိတ်ပင်ပန်းနေတာ မှန်သမျှကို ခဏတာ မေ့ဖျောက်ရန်အလို့ငှာ မျက်လုံးတွေကို မှေးစက်ခွင့်ပေးလိုက်သည်။

ပင်ပန်းတယ်။ အနားယူချင်တယ်။ လွတ်လပ်ချင်တယ်.. လှောင်အိမ်ထဲကနေ လွတ်မြောက်ပျံသန်းခွင့်ရသွားတဲ့ ငှက်ငယ်လေးလိုမျိုး။

၅နှစ်တာလုံးလုံး သူ့စိတ်၊ သူ့ခန္ဓာ၊ သူ့ဘဝတစ်ခုလုံးကို အပိုင်လွှမ်းမိုးထားတာတောင် အတောမသတ်နိုင်သေးတဲ့ ထိုသူ၏အတ္တလောဘတွေဟာ သိပ်ကြောက်ဖို့ကောင်းသည်။ မိမိထက်ငယ်သူဆီမှ မိမိအပေါ် လွှမ်းမိုးချုပ်ကိုင် အနိုင်ယူခြင်းကို ခံရသည့်အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရမှု အလျင်းမရှိ။

တဇွတ်ထိုးဆန်ခြင်းတွေနဲ့ ထိုသူဆေးရောင်ခြယ်ထားတဲ့ ဆက်ဆံရေးမှာ ပေးဆပ်ရသူဟာ သူတစ်ယောက်တည်း။ ချစ်သူအကြင်သူတွေလည်းမဟုတ်၊ သွေးသားတော်စပ်မှုလည်းမရှိတဲ့ အရင်းနှီးဆုံးသူစိမ်း၏ ပိုင်စိုးပိုင်နင်း အနိုင်ယူမှုတွေ ကြန့်ကြာလာတဲ့အခါ စိတ်ပင်ပန်းလာရသည်။ ထို့အတူ မုန်းလည်းမုန်း၏။

တကယ်လို့... သူသာ
ဖိုးဖိုးကို ငဲ့ကွက်မနေလျှင်ပင် ထိုငရဲမီးတွင်းကနေ လွတ်ရာကျွတ်ရာကို ခြေဦးတည့်ရာ ထွက်ပြေးနေမိမှာ။ ထိုမုန်းစရာ ​အတ္တသမားလက်ထဲကနေ ကိုယ်လွတ် ရုန်းထွက်ပစ်မှာ။

ဝုန်း !

လှဲလျောင်းမှေးစက်နေစဥ်မှာပဲ တံခါးကို အကြမ်းပတမ်းဖွင့်သံ ကြားရသည်။ အသံကြောင့် လှဲနေရာကနေ ထိုင်လိုက်မိပေမဲ့ မျက်လုံးတွေကတော့ မပွင့်သေး။ သို့သော် မကြည့်ဘဲနဲ့တောင် အတက်သိနိုင်သည့် တံခါးကိုဖွင့်လိုက်သူဟာ..

P U P P E TWhere stories live. Discover now