Chapter- 6

449 46 45
                                    

မဟော်ဂနီရောင် ဖဲသားမွေ့ရာထက်တွင် လှဲလျောင်း၍ မျက်လုံးများမှိတ်သွန်‌ထားသော ကောင်လေးတစ်ဦး။ သာမန်အမြင်နဲ့သာဆို ထိုကောင်လေးကို အေးချမ်းစွာ မှေးစက်အနားယူနေသည်ဟု ထင်ရသော်လည်း...
မဟူရာဆံချည်မျှင်တို့ဝဲကျရာ နဖူးပြင်ချောချောတွင် ချွေးစတို့ စို့နေပြီး နှုတ်ခမ်းတစ်စုံဟာလည်း တုန်ရင်နေရှာသည်။

" ဟင့်အင်း...အင်း.. "

အိပ်မက်ယောင်နေဟန် တိုးလျလျဖြင့် ကယောင်ကတမ်းငြီးတွားလာသော ကောင်လေးက လက်ချောင်လေးတွေပင် တုန်ရီလာပြီး ခေါင်းကိုလည်း တသွင်သွင် ခါယမ်းနေသည်။

သူဟာ.. သူကြောက်ရွံရသော အမှောင်ထုထဲတွင် ခြေယိုင်ကျမတက် ပြေးလွှားနေ၏။ မျက်ဝန်းနက်လေးတွေဟာ အကြောက်တရား၏ စိုးမိုးခြင်းကို လက်ခံထားရသည်မို့ မတည်မငြိမ်နဲ့ပါပင်။ အနောက်မှ တစ်စုံတစ်ရာလိုက်လာမည်ကိုစိုးသည့်အလား ကျောနောက်ကို လှည့်ကြည့်လှည့်ကြည့်လုပ်ရင်း ခြေထောက်တွေကို အရှိန်တင်ပြန်၏။

" ငါ့လက်ထဲပြန်ရောက်လာမဲ့အတူ ဘာလို့အပင်ပန်းခံနေတာလဲ "

" အင့် "

ရုတ်တရက် မျက်စိရှေ့ပေါ်လာသောလူဟာ ခနဲ့တဲ့တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်သည်။ ထိုမျက်ဝန်းညိုတွေဟာ တစ်ပါးသူများအတွက် စွဲမက်ဖွယ် ကောင်းချင်ကောင်းနိုင်သည့်တိုင် သူ့အတွက်တော့ အန္တရာယ်များသည့် ထောင်ချောက်တစ်ခုထက် မပို။

သူ့ကို အကြောက်တရားတွေ ရိုက်သွင်းပေးခဲ့သူ၊ သူ့လွတ်လပ်ခွင့်များကို ပိတ်ပင်သူ၊ သူ အမုန်းဆုံးသူ !
ထိုလူ့လက်ထဲကနေ လွတ်မြောက်ရမည်ဟု တေးထားပြန်သော်လည်း ထပ်ပြီးတော့ သူဟာ အခြယ်လှယ်ခံဘဝကို ပြန်ရောက်ရပေဦးမည်လား။

" ဦးနှောက်သေးသေးလေးက ခက်ခဲတဲ့အရာတွေကိုဆို သိပ်ကြိုက်ပုံပဲ။ "

" ထယ်ယောင်း.. ငါ့ကိုလွှတ်ပေးပါ။ "

ဖျော့တော့တော့အသံလေးဖြင့် လက်ဖဝါးနှစ်ဖက်ကို မီးပွင့်မတက်ပွတ်သပ်ကာ တောင်းဆိုသော်လည်း ရှေ့ကနေ ခါးထောက်ကြည့်နေသူကတော့ ဘာတုံ့ပြန်ချက်မှ မပေးလာခဲ့ပါ။

P U P P E TWhere stories live. Discover now