About the characters

338 27 0
                                    

Hello !
Double updateတော့ မဟုတ်ပါဘူး ဟီးဟီး။
Characterအကြောင်းလေးတွေကို ရှင်းပြချင်လို့ရယ်ပါ။

ဒီလိုရှင်းပြပေးတာက ကနဦးမှာ ဂျိန်းပြောခဲ့သလိုမျိုး ဒီလို fiction typeက ဂျိန်းအတွက် ရေးရတာ နည်းနည်းစိမ်းတော့ တချို့အကြောင်းအရာတွေကျ အရေးအသားမှာ ကောင်းကောင်း မပေါ်လွင်ဘဲနဲ့ စာဖတ်သူလေးတို့ နားလည်ရခက်တာမျိုးတွေ ဖြစ်မှာစိုးလို့ပါ။

ပထမဆုံးအနေနဲ့ ပြောရရင် ဒီထဲမှာ သခင်လေးက အားလုံးသိတဲ့အတိုင်း အတ္တကြီးပါတယ်။ သူအတ္တကြီးပုံကတော့ တဇွတ်ထိုးလည်းနိုင်ပြီး ငယ်ငယ်ကတည်းက လိုတရဘဝနဲ့ နေလာရသူပီပီ သူဖြစ်ချင်တာကိုသာ ကြည့်တာမျိုးပါ။ သူများရဲ့အခြေအနေကိုလည်း ထည့်မတွက်ဘူးပေါ့။ ပြောပြရရင် သူ့အတ္တကြီးပုံက childishဆန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ပုံစံမျိုးပါ။

ကူးလေးကျတော့ ရိုးသားတယ်၊ အေးချမ်းတယ်။ နူးညံ့ပြီးတော့ သည်းခံစိတ်များသူပါ။ ဒါကြောင့်မို့ သခင်လေးက သူ့ကို ပိုင်စိုးပိုင်နင်းဆက်ဆံတာတွေ အနိုင်ယူတာတွေကို နှစ်ရှည်လများကြာအောင် သည်းခံပေးခဲ့တာပေါ့။ အဓိကကတော့ သူ့ပတ်ဝန်းကျင်ကလူတွေ အဆင်ပြေဖို့ အထူးသဖြင့် သူ့အဖိုးကို မစိုးရိမ်စေချင်လို့ လိုက်လျောညီထွေနေပေးတဲ့သဘောပါ။ ဒါပေမဲ့ သူ့အဖြစ်ကိုတော့သူ သဘောမကျပါဘူး။

ကူးရဲ့ခံစားချက်လေးတွေကို တစ်စတစ်စနဲ့ အရှေ့ပိုင်းကတွေမှာ ကြားညှပ်ထည့်ပေးပေမဲ့ အရေးအသားညံ့ဖျင်းမှုကြောင့် မပေါ်လွင်ခဲ့ရင်တော့ ဂျိန်းက အရမ်းအားနာမိပါတယ်။

သခင်လေးက ကူးအပေါ်မှာ ထားတဲ့ခံစားချက်ကို အပေါ်လွင်ဆုံးပြောပြရရင် ကလေးတစ်ယောက်က သူအရမ်းကြိုက်တဲ့ပစ္စည်းတစ်ခုခုကို ဥစ္စာခြောက်သလိုမျိုးပေါ့။ တချို့ကလေးတွေက ရှိတတ်ပါတယ်။ သူတို့အရမ်းကြိုက်တာမျိုးဆို ဆက်ဆက်ထိမခံဖြစ်တတ်တာမျိုး။ သခင်လေးကလည်း အဲ့လိုကိုမှ ပိုတောင်ပိုတာမို့ အလစ်တဲလေး psychoဆန်တယ်လို့လည်း ပြောလို့ရပါတယ်။

ကူးလေးကလည်း သည်းခံပေမဲ့ Chapter- 4နဲ့5မှာ သခင်လေးက သူ့ရဲ့အကြောက်တရားတွေကို ( အမှောင်ကြောက်တာကို အမှောင်ခန်းထဲ သုံးနာရီတိတိ ထည့်ပိတ်တာ)  လုံးဝနှိုးဆွပေးသလို ဖြစ်သွားတော့ ကြောက်စိတ်နဲ့အတူ ဟိုးအရင်ကတည်းက ကိန်းအောင်းနေတဲ့ အမုန်းတွေပွင့်ထွက်လာတာပါ။

P U P P E TWhere stories live. Discover now