လူသူရှင်းသော လမ်းမထက်တွင် လှိုင်ထနေသော ဖုန်တသောသောဟာ ပြိုင်ကားခဲရောင်၏ ပရောဂမကင်း။
အရှိန်ပြင်းစွာ ရွေ့လျားနေသော ထိုပြိုင်ကားထဲတွင် ခန့်ညားစွာ မောင်းနှင်နေသူက လေစိုင်ဝေ့ရာအလိုက် လွင့်နေသော ဆံပင်နက်နက်တွေကို သပ်တင်လို့ ပါးစောင်တစ်ဖက်တွင် လျှာထိုးသည်။များမကြာမီတွင် သူသည် ရည်ရွယ်ဦးတည်ရာနေရာဖြစ်သော ပြိုင်ကားကွင်းသို့ ရောက်ရှိသည်။ တစ်ညတာကို အနားယူရင်းဖြတ်သန်းမယ်လို့တွေးထားသော်လည်း စိတ်ကြိုက်ကဲပြီးလို့ ဆိုင်တစ်ဆိုင်မှာ ဝင်သောက်နေတုန်း အကောင်ပလောင်လေးတွေက နှောင့်ယှက်နေတာမို့ ရှင်းရဦးမည်။
ကားကိုရပ်လိုက်သောအခါ တဝူးဝူးတိုက်ခတ်သောလေဟုန်ကလည်း ရပ်တန့်သွားတာမို့ ဆံသားအချို့ဟာ နဖူးပေါ် တင့်တယ်စွာ ကျဆင်းလျက်။
ကားနံဘေးတွင် လာရပ်သော တစ်စုံတစ်ဦးကိုမြင်သည့်အခါ ခနဲ့ပြုံးကို ချိတ်ဆွဲလို့ ကားပေါ်ကနေ ဆင်းလာလေသည်။" Hey ထယ်ယောင်း... ဒီည ငါ့ကိုရှုံးဖို့ အဆင်သင့်ပဲလား။ "
တစ်ဖက်မှ ရွယ်တူကောင်လေးသည် သူ၏ရွှေဝါရောင်ဆံပင်တွေကို ဖွပြီး ထယ်ယောင်းကို စိန်ခေါ်စကားဆိုလေသည်။
ပြောရဲလေတဲ့သတ္တိ ! သူဆိုတဲ့ ကင်မ်ထယ်ယောင်းရဲ့ သမိုင်းမှာ အရှုံးဆိုတာ မရှိကြောင်းကို သက်သေပြရသေးတာပေါ့။" မင်းလို ဖုန်မှုန့်လောက်လေးကိုတော့ ခေါင်းထဲထည့်မနေပါဘူး လီယိုဂန် "
ထယ်ယောင်း၏စကားအဆုံး ကပြားကောင်လေး လီယိုက မေးရိုးထောင်သည်အထိ အံကြိတ်ပြသည်။
ထိုည၏ပြိုင်ပွဲက လီယိုဘက်မှ စတင်၍ စိန်ခေါ်ခဲ့ခြင်းသာ။နှစ်ဦးနှစ်ဖက် ရန်စရယ်လို့မရှိသော်လည်း လီယိုသဘောကျသော ကောင်မလေးက ထယ်ယောင်းကို လိုက်နေတာဖြစ်ပြီး ထယ်ယောင်းဘက်ကလည်း သဘောကျသည်
မဟုတ်သော်ငြား ထိုမိန်းကလေးနှင့် ကလူကျီစယ်မှုအချို့ရှိသည်ကို လီယိုက မကျေနပ်ခြင်းဖြစ်သည်။ထို့ကြောင့် ကားမောင်းကျွမ်းကျင်သော လီယိုသည် သူ့ထက်အစစအရာရာသာသော ထယ်ယောင်းထက် ပိုသာသည့်အရာရှိကြောင်း သူသဘောကျသောကောင်မလေးရှေ့တွင် လက်တွေ့ပြချင်၍ ထိုပြိုင်ပွဲကို စတင်ခဲ့ခြင်းပင်။
YOU ARE READING
P U P P E T
Randomငါ့ရဲ့ ရုပ်သေးရုပ်လေးက အမြင်ကပ်စရာကောင်းအောင် လှချင်တိုင်း လှနေတာပဲ။ ငါ့ရဲ့ ရုပ်သေးရုပ်လေးက ကြည့်မရချင်စရာကောင်းအောင် လှချင်တိုင်း လှနေတာပဲ။