Chapter 117

1.3K 158 2
                                    

Unicode

ကုမျန် သူမရဲ့ခေါင်းကို ငုံ့ချလိုက်တယ်။

"တစ်ကယ်တော့ လမ်းခွဲပြီးရင်တောင် ပြန်တွဲဖို့ စဉ်းစားထားတာပါ"

နောက်ဆုံးတော့ ကုမျန်က ဇာတ်ကြောင်းအတိုင်း လိုက်ရမှာပဲလေ။

ဒါပေမယ့် လော့ချယ်ကတော့ သူမရဲ့စကားလုံးတွေကို နားလည်မှုလွဲသွားခဲ့တယ်။

လော့ချယ်အမြင်မှာတော့ ကုမျန်က သူတို့ရဲ့အခုဆက်ဆံရေးက စိမ်းသက်နေလို့ သူ့ကို ပိုတိုးတက်အောင်လုပ်ဖို့ သတိပေးပြီး နောက်မှ ပြန်တွဲဖို့ လုပ်ထားသလိုပုံစံဖြစ်သွားတယ်။

လော့ချယ် အဲ့ဒါကို လက်ခံလိုက်တယ်။ ချစ်သူတစ်ယောက်အနေနဲ့ဆို သူက တစ်ကယ်ကို သိပ်ပြီး မလုံလောက်သလိုဖြစ်နေခဲ့တယ်လေ။

"ဒါက ကိုယ့်အမှားပါ နောက်ထပ် ဒါမျိုးထပ်မဖြစ်စေရတော့ဘူး ဟုတ်ပြီလား"

ကုမျန် ‌အူကြောင်ကြောင်နဲ့ မျက်တောင်ခပ်လိုက်မိတယ် ။ သူ့အမှား?

ဘာဖြစ်သွားတာလဲ။

ပြီးတော့ အဲ့ဒါက ဘာကိုဆိုလိုတာလဲ"

"ဒါဆို ကိုယ်တို့..."

လော့ချယ် သူ့လက်ချောင်းကို ကုမျန်ရဲ့နှုတ်ခမ်းပေါ် နူးနူးညံ့ညံ့လေးတင်လိုက်တယ်။

သူ့လက်ချောင်းတွေက ဖြူဖွေးရှည်သွယ်နေပြီး အရိုးအဆစ်တွေထင်းနေတဲ့အပြင် လက်သန့်ဆေးအနံ့လေးလည်း ရနေတယ်။

"လမ်းခွဲဖို့ကတော့ မဖြစ်နိုင်ဘူး ဒါပေမယ့် မင်းခုနကပြောတဲ့ ပြဿနာကတော့ ထပ်မဖြစ်လာစေရဘူး"

ကိစ္စတွေအကုန်လုံးက အတိတ်မှာပဲ ကျန်နေခဲ့ရမယ်။

ကုမျန် တွေးကြည့်လိုက်ပြီး လမ်းခွဲဖို့မလိုလောက်တော့ဘူးလို့ ခံစားလိုက်ရတယ်။

ဘာပဲဖြစ်ဖြစ် သူမက လမ်းခွဲခဲ့ရင်တောင် ပြီးရင် ပြန်တွဲမှာပဲကို။ ရှုပ်ထွေးလှတဲ့ လမ်းခွဲတာတွေ ပြန်တွဲတာ‌တွေ ထပ်တလဲလဲမလုပ်ဘဲ ကျော်ချလိုက်ရရင်လည်း အဆင်ပြေတာပါပဲ။

သူမက ရှုပ်ထွေးတာတွေကို မကြိုက်ဘူး ။ရိုးရှင်းတာကိုပဲ ကြိုက်တယ် ။ အနာဂတ်မှာလည်း တစ်နေရာတည်းမှာပဲ တည်တည်ငြိမ်ငြိမ်ရှိနေရရင် အဆင်ပြေမယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now