"အဟမ်း အဲ့လိုပဲကြည့်နေတော့မလို့လား...ဟမ်?"
"ဟို ဟို "
ဂျီမင် ရှက်ရှက်နဲ့ ကော်ဖီကိုမော့သောက်လိုက်သည်။
*ထွီးးးးး*
"ပူလိုက်တာ "
"ပူမှာပေါ့မှုတ်မှမသောက်တာ..."
ဂျောင်ဂုတစ်ယောက်မလွယ်ဘူးဆိုသည့်အကြည့်နှင့်ကြည့်ကာခေါင်းခါရင်း ဘေးနားက ban ကိုတချက်ကြည့်လိုက်ပြီး...
"မှုတ်ပေးရမလား..."
"...."
"ကော်ဖီမှုတ်ပေးရမလားလို့ မင်းကိုမေးနေတာ..."
"ဟီး မင်းသဘော..."
ဆိုပြီး ကော်ဖီခွက်ကို ဂျောင်ဂုရှေ့တွန်းပေးလိုက်သည်
သူတို့နှစ်ယောက်သည် company နဲ့သိပ်မဝေးတဲ့ cafe တွင်ရောက်နေခြင်းပင်...စရောက်ကတည်းကသူတို့အချင်းချင်းစကားမပြောမိကြ။ အတန်ကြာမှ ဂျောင်ဂုဖက်ကစကားဖောက်ခြင်းဖြစ်၏။ဂျောင်ဂုကော်ဖီလေးကိုအတန်ကြာမှုတ်ပေးလိုက်ကာ...
"ရော့...သောက်ကြည့်လိုက် ပူသေးလားလို့ ..."
ဂျီမင်ကော်ဖီခွက်ကိုဆွဲယူကာသောက်ကြည့်လိုက်သည်။
"မပူတော့ဘူး.."
"အင်း..."
သူတို့အချင်းချင်းစိုက်ကြည့်မိကြသည်။ထို့နောက်ဂျီမင်ကချောင်းတစ်ချက်ဟန့်ကာ...
"အဟမ်းးး ဟိုနေ့ကမင်းနာမည်ကကျောင်အုဆိုလားပဲ"
"မဟုတ်ပါဘူး ဂျောင်ဂုပါ ဂျွန်ဂျောင်ဂုပေါ့ "
"အော် ကိုယ်နားကြားလွဲသွားတာပဲအဝေးကနေဆိုတော့လေ အဟင်းးး"
ကိုယ့်ဘာသာရှက်ပြုံးလေးပြုံးလိုက်မိလေသည်။
"ကိုယ်ကတော့ "
"ပတ်ခ်ဂျီမင်မလား...."
"ဟို...ဘယ်လိုသိ..."
"ဒီတိုင်းပဲ "
ပုံမှန်ဆိုဂျီမင်ဟာသူစကားပြောနေရင် ဖြတ်ပြောတာကိုမကြိုက်တဲ့သူတစ်ယောက်ပါ သို့ပေသော် ဒီကောင်လေးမိုလို့ထင်ပါရဲ့ ဂျီမင်စိတ်မတိုမိတာ...။
ဂျီမင်ဂျောင်ဂုပြောတာကိုစိတ်ထဲထားမနေတော့ပဲ ကော်ဖီလေးကိုဇွန်းနဲ့မွှေနေလိုက်သည်။