ရုတ်တရက်စီးကျလာတဲ့မျက်ရည်ပူတွေနဲ့အတူ ကောင်လေးသည် ရွှံနွံထဲတွင်ထိုင်လျက်သား။
ညစ်ပတ်ပေကျံနေသည့်ကောင်လေးသည် သူအရှေ့မှ သူ၏ ဖအေမတူမအေကွဲညီကို ကြည့်ကာ နာကျဉ်းနေသည့်ပုံ။
တစ်ဖက်က ကောင်ကလေးကတော့ ထိုသို့မဟုတ် သဘောအကျကြီးကျနေကာ သည်းထန်စွာအော်ရယ်နေရဲ့။
ထိုနောက် သူတို့နှစ်ယောက်ကြားထဲကို ထီးဆောင်းကာ ရောက်လာခဲ့သည့် တစ်စုံတစ်ယောက်။
မိုးကသည်းထန်စွာအော်ရွာနေသည်။ထိုကောင်လေးသည် သူ၏ထီးကို ရွှံထဲထိုင်နေတဲ့ကောင်လေးကိုဆောင်းပေးလိုက်ကာ လက်လှမ်းပေးလိုက်သည်။
ဂျီမင်သည်မျက်ရည်စများနှင့်ထီးမိုးပေးသူကိုကြည့်လိုက်တော့ ထိုသူကတောက်ပတဲ့အပြုံးလေးနဲ့ပြုံးပြနေရဲ့။
ဂျီမင်သည်ထိုလှမ်းပေးထားသောလက်ကိုလှမ်းဆွဲပြီး ထလိုက်ကာ..."ကျေးဇူးပါ "
"ဒီကောင်လေး အကြီးကိုခေါ်ရင် အကိုဖြစ်ဖြစ်ထည့်ခေါ်ရမယ်ဆိုတာမသိဘူးလား"
"ဗျာ....."
ထိုသူသည်ဂျီမင်ကိုပြုံးပြပြီး ထယ်ယောင်းဘက်လှည့်ကာ...
"ကင်မ်ထယ်ယောင်း သူကမင်းအကိုမဟုတ်ဘူးလား ဘာလို့အနိုင်ကျင့်ရတာလဲ"
"အကိုဟိုဆော့ကလည်း ဘာလို့သူ့ဘက်ကပါနေတာလဲ အကိုကို့သူဘာတွေပြုစားလိုက်ပြန်ပြီလဲ!!!!!"
"မင်းကိုမေးနေတာပဲဖြေစမ်းပါ "
ထယ်ယောင်းပေကပ်ကပ်ကြည့်လိုက်တော့ဟိုဆော့ကသူ့ရဲ့ လက်ဆစ်နဲ့"ခွပ်"ခနဲမြည်အောင်ခေါက်လိုက်သည်။
"အားးးး အကိုဟိုဆော့ နာတယ် "
"ကြည့်အုံးမှာလား အဲ့လိုအကြည့်နဲ့"
"အဟင့် မကြည့်တော့ဘူး"
"ရော့..."
ဆိုကာ ဟိုဆော့ကသူနဲ့ဂျီမင်ဆောင်းနေတဲ့ထီးကိုလှမ်းပေးလိုက်သည်။ထယ်ယောင်းကကြောင်သွားပြီး...
"ဘာကိုလဲ"
"ဒီထီးဆောင်းပြီးအိမ်ထဲဝင်တော့ ငါကပတ်ခ်ဂျီမင်နဲ့နောက်မှဝင်ခဲ့မယ်"
"ဘာ!!!! မရဘူး မရဘူး အကိုနဲ့ကျတော်နဲ့ဝင်မယ် သူ့ကိုထားခဲ့လိုက် မယားငယ် ရဲ့သားကိုဘယ်သူကဂရုစိုက်မှာလဲ"