1

213 16 1
                                    


ဆောင်းလေအေးလေးတွေကိုသူတစ်ဝကြီးရှုလိုက်မိသည်။
ဆောင်းတွင်းဝင်ခါနီးပြီဆိုတော့ညနေခင်းတိုက်လေကအေးမြနေလေသည်...။ထိုအေးမြသည့်အရသာကိုရှုရှိုက်လိုက်သောအခါစိတ်ဖိစီးမှု၏တစ်ဝက်ကသူ့အလိုလိုပျောက်ကွယ်သွားသလိုလို။
ဒီလိုအကျင့်ကသူစိတ်ညစ်ရင်ပဲဖြစ်ဖြစ်စိတ်ရှုပ်ရင်ပဲဖြစ်ဖြစ် ဖြေဖျောက်သည့်နည်းတစ်မျိုးပင်။

သူ့ရဲ့ဘဝကတစ်ကယ်တော့သနားစရာကောင်းသား...သူကိုတော့ဘယ်သူမှမသနားမိကြဖူးထင်၏။လူတွေအမြင်မှာ သူဟာခက်ထန်တယ်၊မာနကြီးတယ်၊ဇီဇာကြောင်တယ်...စသည်ဖြင့်မှတ်ချက်အမျိုးမျိုးချကြလေသည်။သူနာကျင်နေတာတွေကိုလူတွေမမြင်။သူဟာမြင်အောင်လည်းမပြခဲ့ဘူး။
သူရဲ့ကြီးပြင်းလာတဲ့အချိန်တွေကိုပြန်တွေးမိရင်သူ့ကိုသူသနားမိသည်။လူတစ်ယောက်ရဲ့ဘဝမှာပြီးပြည့်စုံတယ်ရယ်လို့တော့မရှိ။လိုအပ်ချက်ဆိုသည့်အရာကအနည်းနှင့်အများကတော့ရှိကြစမြဲပင်။
သူ့ဘဝမှာပြည့်ပြည့်စုံစုံနေရတယ်လို့ကိုမရှိ....သူ့၏အမေဟာ ပိုက်ဆံမ​ပြည့်စုံသော အဖေကိုယူခဲ့ပြီး သူ့ကိုမွေးခဲ့လေသည်။ အဖေကအလုပ်လုပ်လဲမလုပ် အမေရှာကျွေးတာကိုထိုင်စားပြီး သူတို့သားအမိနှစ်ယောက်ကို နားပူနားဆာအမြဲလုပ်ခဲ့သည်။
ဒီယောကျာ်း၏ဖိစီးမှုဒါဏ်ကိုဘယ်အမျိုးသမီးကရေရှည်ခံနိုင်ရိုးရှိမှာလဲ...။

အမြဲတမ်းအဖေနဲ့အမေနဲ့ရန်ဖြစ်ကြတယ်။ အမေကထွက်ပေါက်ရှာပြောရမလားပဲ...အဖေနဲ့ကျွန်တော့်ကိုပစ်ပြီးနောက်ယောကျာ်းအသစ်ယူသွားသည်။သူမ၏နောက်ယောကျာ်းကလည်းအခြားသူမဟုတ်။
သူမတို့ company ၏အလုပ်ရှင်ဖြစ်လေသည်။ဆိုတော့ အဖေ့ထက်ပိုပြီးပိုက်ဆံရှိတာပေါ့...သူမဘာကြောင့်အဲ့လူရွေးခဲ့လဲမသိပေမဲ့သေချာတာကတော့သူမစိတ်ထွက်ပေါက်ရှာခဲ့သည်ဆိုသည်ပဲ။

အမေဟာကျွန်တော်တို့သားအဖကိုပစ်ပြီးနောက်လင်ယူသွားတာကိုအဖေကစိတ်နာလျက်ရှိသည်။လိုက်ရှာပြီးသတ်ပစ်မယ်ဟုပြောသောအခါ Park Jimin တစ်ယောက်လက်အုပ်ချီပြီတောင်းပန်ခဲ့ရသည်အထိ။
သိပ်မကြာပါ...။အဖေသည်ရောဂါတစ်ခုနှင့်ဆုံးသွားလေသည်။အဖေဆုံးလို့အသုဘပြီးသည်အထိသူမ,မလာခဲ့ပါ။ဘယ်လိုပဲဖြစ်ဖြစ်ယောကျာ်း​​လေး ​တစ်​ယောက်မေွးထားသည်ဖြစ်စေ​ကျွန်တော်ဟာသူမ၏သားအရင်းတစ်ယောက်မဟုပ်ခဲ့ပါလော။

I don't believe in love.☘Where stories live. Discover now