3(2)

73 9 2
                                    

မနက်ခင်းနေရောင်ခြည်ရဲ့ရောင်မှိန်ဟာ ဂျီမင်ရဲ့ အခန်းထဲကို အနည်းငယ် ထိုးဖောက်နေသည်။
ထို့နောက်ဂျီမင် နိုးလာပြီး အပျင်းကြောကို တစ်ချက် ဆန့်လိုက်ပြီး မနေ့ကညနေကို အာရုံ ရောက်သွားသည်
ချက်ချင်း မျက်နှာထားနည်းနည်း စူချင်သလိုဖြစ်လာသည်

တကယ်ပါပဲ ဂျွန်ဂျောင်ဂု
ဘာလို့မနေ့က သူ့ကို cafeကနေ
မောင်းထုတ်သလို ထွက်သွားခိုင်းရတာပါလိမ့်...
ခဏလေးလောက် ဆက်ထိုင်ချင်ခဲ့တာကို ခဏလောက်ပဲ မျက်နှာလေးထပ်ကြည့်ချင်ခဲ့တာကို
သူ့ကိုလည်း ဘယ်သူက အောက်ကျို့ခံပြီးလာတွေ့ခိုင်းနေလို့လဲ သူ့ဘာသာ လိုရာဆွဲတွေးပြီးပြောချသွားတာ ဂျီမင် ပြန်ချေပ,ချိန်တောင်မရလိုက်။

ထို့နောက် သူပြန်ခိုင်းတော့လည်း ဂျီမင်ရှက်ရှက်နဲ့ ပြန်ခဲ့လိုက်ရသည်။ company ကိုပြန်သွားချင်စိတ်မရှိတာနဲ့ အတွင်းရေးမှူး ကိုဖုန်းလှမ်းဆက်ပြီး လွှဲပေးလိုက်သည်။ အရေးကြီးကိစ္စတို့ဘာတို့မရှိတာကြောင့် driver ကိုလှမ်းခေါ်ပြီး condo သို့ပြန်လာလိုက်သည်။

ဂျီမင်သည်အစကတော့ သူ့ရဲ့ အမေနဲ့ အတူနေပေမဲ့ အမေက သူ့အပေါ် ချုပ်ချယ်,ချင်လာတာကြောင့် သူတစ်ယောက်ထဲ condo ဝယ်နေ,နေခြင်း။

ဂျီမင် ဆက်တွေးမနေတော့ဘဲ ကုတင်ပေါ်မှခုန်ဆင်းကာရေချိုးဖို့ပြင်လိုက်သည်
ရုတ်တရက်ဖုန်းက ထလာသည်။ မနက်ခင်းစောစောစီးစီး သူဆီကို ဖုန်းဆက်မည့်သူမရှိ။
သို့သော် ဂျီမင်ဆီသို့ သူလိုအပ်မှ ဖုန်းဆက်ခေါ်သည့်တစ်ယောက်သော သူတော့ရှိလေသည်။
ထိုသူကတော့ ဂျီမင်၏ မွေးမိခင်ဖြစ်လေသည်။ တစ်ခြားအချိန်တွေဆို ဂျီမင်ကိုသေသေကြေကြေ ဂရုမစိုက်တဲ့ သူမဟာ သူမအတွက် လိုအပ်ရင်တော့ ဂျီမင်ကို ဖုန်းဆက်ခေါ်လေ့ရှိသည်။

ဂျီမင်သည် အိပ်ရာဘေးနားမှာ စားပွဲပုလေးပေါ်မှ ဖုန်းကိုကိုင်ပြီး ကြည့်လိုက်တော့ contact name က သူထင်နေတဲ့အတိုင်း သူမဖြစ်နေခဲ့သည်။ ဖုန်းကိုကိုင်ချင်စိတ်မရှိသလိုကိုင်လိုက်ပြီး

"ဟယ်......လို"

ပျင်းကြောဆွဲနေသလိုအသံနှင့် သံရှည်ဆွဲလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jul 06 ⏰

Add this story to your Library to get notified about new parts!

I don't believe in love.☘Where stories live. Discover now