Chapter 3

129 13 0
                                    

သို့...ကိုကိုငယ့်ကိုပြန်ချစ်ပါ - 3

နှစ်ရက်သုံးရက်လောက်ထိ Perthကိုရှောင်နေသည့် ကိုကိုSaintကြောင့် Perthလွမ်းဖျားလွမ်းနာကျလုကျခင်ဖြစ်လို့နေပြီ။အမြဲမျှော်ကြည့်နေကျ ပြတင်းပေါက်လေးကိုတောင်ပိတ်ပြီး ကိုကိုက Perthကိုရှောင်မြဲတိုင်းရှောင်နေတာဖြစ်သည်။ကျောင်းပိတ်ရက်မို့ Perthလည်း အိပ်နေရင်း ဆက်ပြီးအိပ်ယာထဲမှာ မအိပ်နိုင်တော့ဘူး။ပြတင်းပေါက်ကတစ်ဆင့် လှမ်းကြည့်တော့ ကိုကို အခန်းပြတင်းပေါက်ဖွင့်ထားတာကိုတွေ့လိုက်ရတော့ Perthရင်ထဲ လိပ်ပြာလေးတွေပျံလာ၏။

စားရေးစားပွဲသို့သွားပြီး စာရွက်ကလေးတွေကို အချိုးညီညီညှပ်ထုတ်လိုက်၏။ထို့နောက် စာတစ်ကြောင်းရေးပြီး ကိုကိုဆီသို့ ပစ်လို့ရအောင် လေယာဥ်ပျံပုံစံလေးခေါက်ချိုးထားလိုက်သည်။အရွက်နှစ်ဆယ်လုံးလုံး တူညီတဲ့စာများနှင့် ပုံစံတူခေါက်ချိုးပြီးနောက် ကိုကို့ဆီကို ပစ်လွှတ်လိုက်တော့သည်။

ကိုကိုက သူ့ပြတင်းပေါက်ကနေတဆင့်ဝင်လာတဲ့ စက္ကူတွေကြောင့် Perthအခန်းဘက်ကို ခေါင်းထွက်ကြည့်လာသည်။တစ်ဖက်ကနေပြီး Perthလည်း ကိုကိုကိုရယ်ပြပြီး လက်လေးပါပြတော့ ကိုကိုက စာရွက်တွေကိုဖွင့်ကြည့်လျက်ပင်

“သို့...ကိုကို ငယ့်ကိုပြန်ချစ်ပါ..”

စာရွက်တိုင်းလိုလို တူညီတဲ့စာတွေကြောင့် Saintမျက်မှောင်ကြုတ်လိုက်မိသည်။တစ်ဖက်အိမ်ကကလေးဆိုးလေးကိုကြည့်ရင်းပြတင်းပေါက်ကို ပိတ်ချလိုက်တော့သည်။ဒီကလေး ကလေးအတွေးတွေနဲ့ သက်သက်လုပ်နေတာကို Saintသိသည်။ အရမ်းနီးကပ်လွန်းတဲ့အကွာအဝေးကြောင့်များလားဆိုပြီးတွေးမိတာမလို့  ရှောင်နေခဲ့တာ။အမြဲတမ်းလာပြီးရှာနေတဲ့ သူ့ဆီကနေ မနည်းလွတ်အောင်ပုန်းနေရတာ တော်တော်လေးတော့ ခက်ပါသည်။စာရွက်လေးတစ်ခုစီကိုကောက်သိမ်းရင်း အံဆွဲထဲသို့ စီရရီထည့်ထားလိုက်၏။ချစ်စရာကောင်းတဲ့ ဒီကလေးက မျိုးစုံကို တတ်နေတော့တာပဲ။

Saintကျောင်းပိတ်ရက်၌ စာလုပ်နေရင်း အချိန်တွေကိုကုန်ဆုံး၏။ညနေစောင်းခါနီးလောက်အချိန်မှာ အခန်းတံခါးခေါက်သံနှင့်အတူဝင်လာသည့်သူကိုလှည့်ကြည့်လိုက်တော့ Perthဖြစ်နေ၏။အရင်ကဆို အမြဲလာနေကျဆိုပေမဲ့ သူနဲ့ Saintကြားမှာ ရိုးရိုးသားသားဆက်ဆံရေးမရှိတော့နာမလို့ အခန်းထဲဝင်လာသည့်အခါ Saint မျက်နှာလေးရဲတက်လာရသည်။

သို့... ကိုကိုကျွန်တော့်ကိုပြန်ချစ်ပါ(Complete )Where stories live. Discover now