Chapter 5

152 11 0
                                    

သို့... ကိုကိုငယ့်ကိုပြန်ချစ်ပါ - 5

“ကိုကို ဘာလို့လဲဟင်... ငယ့်ကို...ငယ့်ကိုတကယ်ပဲ ပြန်မချစ်နိုင်ဘူးလား”

“မသိဘူးPerth.... ကိုကို မင်းအပေါ်နာကျင်စရာအဖြေကိုမပေးချင်ဘူး... ကိုကိုလည်းမနာကျင်ချင်ဘူး... မင်းကိုယုံရမလား မယုံရဘူးလား ဝေခွဲရခက်နေတုန်းပဲ... တကယ်လို့... ကိုကိုတို့နှစ်ယောက်ကြားက တစ်ယောက်ယောက်က ကတိတွေပျက်ခဲ့ရင် နှစ်ယောက်စလုံးနာကျင်ရလိမ့်မယ် ကိုကို ကြောက်တယ် နာကျင်မှုကိုရော ပတ်ဝန်းကျင်ကိုရော ကိုကိုရင်မဆိုင်ရဲဘူး... Perthက ငယ်ပါသေးတယ်။ Perth နှလုံးသားလေးက အရမ်းနုနယ်နေသေးတယ်... အဲ့တာကြောင့်...အဲ့တာကြောင့်...”

“ကိုကို... ငယ့်အချစ်ကိုအခုထိမယုံကြည်သေးတာပဲ....”

Saint မငြင်းနိုင်ပါ။ Perthကိုပဲ မယုံတာမဟုတ်ဘူး Saintကိုယ့်ကိုယ်ကိုယ်လည်းမယုံကြည်ရဲဘူး။ အချစ်ဆိုတာ ဝင်္ကပါနဲ့တူတယ်။ပြန်ထွက်ရသိပ်ခက်တယ်။ အရှုပ်အထွေးတွေကြားရူးချင်စရာကောင်းလောက်အောင်လမ်းပျောက်နေနိုင်တယ်။ Saintအများကြီးကိုရင်မဆိုင်ရဲဘူး ရင်မဆိုင်ချင်ဘူး။ ဘာအဖြေမှပြန်မပေးဘဲ Saint အဓိပ္ပာယ် မဲ့အပြုံးတွေကိုရပ်တန့်လိုက်သည်။ Perth မျက်ဝန်းထဲက မျက်ရည်စက်ကလေးတွေက စားပွဲပေါ်ပေါက်ကနည်းကျလာ၏။ ထို့နောက် Perthထထွက်သွားတော့သည်။ Perthကျောပြင်ကိုကြည့်ရင်း Saint ရင်ထဲတင်းကြပ်ကြပ်ဖြစ်နေရပြီ။ ဘာလို့များပါလဲ ... Saintက ပိုပြီးလည်းမနီးချင်သလို ဝေးသွားဖို့ကိုလည်းမလိုချင်ဘူး။ ဒီအတိုင်းလေး ဒီအနေအထားအတိုင်းလေးသာ ရှိချင်ခဲ့တာ။

အိမ်ပြန်ချိန်ရောက်သည့်အခါ၌ Saintစက်ဘီးနားမှာ အမြဲရပ်ထားတတ်သည့် ဆင်တူစက်ဘီးလေးရှိမနေခဲ့ပေ။ထို့ကြောင့် Saintလည်း အိမ်ကိုတစ်ယောက်တည်း ပြန်ရမည်

                           ※※※※
“Saintရေ....သား ဆင်းခဲ့ပါဦး...”

“ဟုတ် မေမေ...”

စာလုပ်နေရင်း မေမေ့ခေါ်သံကြောင့် Saintဆင်းလာ၏။ မေမေက ဆန်ပြုတ်အိုးကိုချပြီး အပူခံအိုးထဲသို့ပြောင်းထည့်နေတာတွေ့တော့ Saintလည်း မေမေ့ဘေးရပ်လိုက်ရင်

သို့... ကိုကိုကျွန်တော့်ကိုပြန်ချစ်ပါ(Complete )Where stories live. Discover now