သို့... ကိုကိုငယ့်ကိုပြန်ချစ်ပါ - 4
Saint အားကစားချိန်အတွက် အဝတ်လဲရန် Locker ခန်းဆီသို့လျှောက်လာခဲ့သည်။အဝတ်တွေထုတ်ဖို့ Locker တံခါးကိုဖွင့်လိုက်တဲ့အချိန် အထဲမှာ ရှိနေသည့်စာရွက်တွေက အများအပြား ကြမ်းပြင်ပေါ်သို့ပြုတ်ကျလာကုန်သည်။ စက္ကူလေးတွေက အသည်းပုံစံလေးတွေရှိပြီး စာမျက်နှာပေါ်၌ တူညီတဲ့လက်ရေး တူညီတဲ့စာတွေရှိနေပြန်သည်။
“သို့...ကိုကိုငယ့်ကိုပြန်ချစ်ပါ”
နှင့်ဆီသက်ပြင်းလေးချလိုက်မိပြန်သည်။ဒီလောက်စာရွက်တွေအများကြီးဖြုန်တီးထားလိုက်တာများ။ဘယ်အချိန်လာထည့်သွားလဲမသိသလို ဘယ်နေရာမှာပုန်းနေလဲဆိုတာလဲ Saintမသိပါ။ထို့ကြောင့် ဘေးပတ်ပတ်လည်ခေါင်းလည်ပြီး ရှာနေမိသည်။
“ဒီကလေးပေါက်စလေးကတော့....”
ရေကူးဖို့အတွက်ပြင်ဆင်ပြီးနောက် ရေကန်ထဲသို့ဒိုင်ပင်ထိုးချလိုက်သည်။ထို့နောက် အချိန်မီအောင် ရေကူးလေးကျင့်ရင်း ပိုမြန်စေရန်အတွက် ထပ်တလဲလဲလေ့ကျင့်နေခဲ့သည်။ တစ်ခြားအသင်းသားတွေက ကူးခတ်ပြီး ခဏအကြာမှ ပြန်သွားကြတာကြောင့် ရေးကူးကန်ရှိသည့်အခန်းထဲ၌ Saintတစ်ယောက်တည်းသာလေ့ကျင့်ရင်းကျန်ခဲ့တော့သည်။ Saint လည်း လေ့ကျင့်နေရင်းနားဖို့အတွက် ရေပေါ်ကိုတက်လိုက်တော့ ကမ်ဘောင်ပေါ်မှ Saintထံကို လက်ကမ်းပေးနေသည့်သူကိုတွေ့လိုက်ရသည်။ ထိုသူက Perthပင်ဖြစ်သည်။ Saintလည်း Perthလက်အားမိမိရရဖမ်းဆွဲလိုက်ပြီးနောက် အပေါ်သို့တက်လာခဲ့သည်။ကန်အစပ်နားမှာထိုင်ရင်း ရေထဲခြေထောက်ချထားရင်း မျက်နှာကိုရေသုတ်နေတုန်း Saintကိုအအေးဘူးကမ်းပေးလာ၏။
“ဘယ်ကတည်းကရောက်နေတာလဲ...”
“အင်း မသိဘူး...”
“Perth... ပြောင်စပ်စပ်လုပ်နေတာလား...”
“မဟုတ်ပါဘူးငယ်က ကိုကိုကို မြင်နေရတော့ ပျော်လို့...ကိုကိုကိုကြည့်နေရရင်လေ ရင်ထဲကိုအေးနေတာပဲသိလား...”
Saint အအေးသောက်နေရင်း ဘေးကနေ တီတီတာတာစကားတွေကိုနားထောင်ပေးနေမိသည်။ထိုနောက် အအေးဘူးကိုဘေးသို့ချလိုက်ရင်း Perthပါးလေးကို အအေးဖြင့်ကပ်လိုက်ရင်း