Part-2

254 25 0
                                    

" ဟိတ် ကိုယ်ကြည့်ကောင်းမှန်းသိပါတယ် အဲ့လောက်ကြည့်ဖို့မလိုဘူးနော်"

"မထင်မမှားနဲ့ မင်းကို ဘယ်သူကကြည့်နေလို့လဲ"

သူခိုးလူမိသွားတဲ့ phuwin တစ်ယောက် စကားတွေပါထစ် နေပြီ

"ထားပါ တိုက်မိတာတော့ ငါလဲမမြင်လိုက်လို့ ၊ မင်းလဲ‌ ‌သေချာကြည့်လျှောက်ရင်မတိုက်မိဘူးလေ"

"ဟမ် ၊ မင်းကငါ့အမှားလို့ပါပြောချင်တာလား ၊နည်းနည်းပါးပါး တောင်းပန်ချင်စိတ်တောင်မရှိဘူးလား"

"ငါ့အမှားမှမဟုတ်တာ ဘာလို့တောင်းပန်ရမှာလဲ...တောင်းပန်ရကြေးဆိုမင်းလဲမှားတာပဲ အရင်တောင်းပန်လေ"

ပြုံးစိစိနဲ့ လက်ကိုပိုက်ထားပြီးပြောနေပုံက ဆွဲထိုးပစ်ချင်စရာ

"မင်း!!!!!"

"phuwin!!phuwin ဘာဖြစ်တာလဲ ကျောင်းစဖွင့်တဲ့နေ့မှာ ကျောင်းနားချင်လို့လား"

pondကို ထိုးဖို့ရွယ်လိုက်တဲ့ phuwin လက်ကို Aou အပြေးလာပြီးအချိန်မှီဆွဲနိုင်ပေလို့သာ မဟုတ်ရင် စတက်တဲ့နေ့ကထဲကကျောင်းနားရလိမ့်မည်။

"လွှတ်ငါ့ကို ၊ ထားလိုက်တော့ ဘာမှမပြောချင်ဘူး သွားမယ်"

"ဟမ်....အင်းအင်း"

"နေဦး...မင်းတို့နှစ်ယောက်က ဒီအခန်းကဆိုရင် ငါရဲ့အခန်းဖော်ပဲ‌ပေါ့ ၊ မိတ်ဆက်ထားမယ်လေ ၊ ငါ့နာမည် Pond Naravit ၊ Pond လို့ခေါ်လို့ရတယ်"

"မင်း ကိုဘယ်သူကသိချင်နေလို့လဲ "

"Phuwin!!...." ကန့်လန့်လိုက်ပြောနေတဲ့သူငယ်ချင်းကို တိတ်တဆိတ် ဟန့်လိုက်ပြီး

" ဟို pond တွေ့ရတာဝမ်းသာပါတယ် ငါကို Aouလို့‌ ခေါ်လို့ရပါတယ် သူကတော့ Phuwin
ခုနသူ့စကားကိုတော့နားလည်ပေးလိုက်ပါ ငါ့သူငယ်ချင်းကစိတ်နည်းနည်းဆတ်လို့"

phuwinရဲ့မျက်စောင်းလှလှလေးကဒိုင်းခနဲ။

ရုတ်တရက် pond က phuwinရဲ့ မျက်နှာထိ ကပ်လာပြီး
" မင်း မျက်လုံးလေးတွေက ခွေးပေါက်လေးတွေမျက်လုံးနဲ့တူတယ် ချစ်စရာလေး" လို့ပြောပြီး လှည့်ထွက်သွားတယ်။

phuwinရဲ့ မျက်လုံးလေးတွေထပ်ဝိုင်းသွားပြန်ပြီ
နားထဲမှာလဲ ချစ်စရာလေး ဆိုတာကို ပဲ့တင်သံတွေနဲ့ပါ ကြားနေရပြီ ၊၊

Can We be again?(Pondphyuwin)Where stories live. Discover now